သတင်း

အဂတိဖြင့် တရားစွဲခံထားရသော ရဲမှူးနှင့်ဒုရဲအုပ်တို့ကို ထောင် ၄ နှစ်စီချ

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသည့် ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးသိန်းနိုင်နှင့် အမှုစစ်ဒုရဲအုပ်ဟောင်း ထွန်းထွန်းလင်းတို့ကို ယနေ့ (မတ်၁၉)တွင် မန္တလေးတိုင်းတရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၄ နှစ်စီ ချမှတ်လိုက်သည်။

အမှုနှင့်သက်ဆိုင်ခြင်းမရှိဘဲ မတရားဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်ကာ ငွေကြေးတောင်းခံခဲ့သည်ဟုနစ်နာသူတစ်ဦး၏ တိုင်တန်းချက်အရ စစ်ဆေးရာ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းအား စစ်ဆေးပေါ်ပေါက်၍ ၄င်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ၂၀၁၉ ဇွန် ၁၄ တွင် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်။

အဂတိကော်မရှင်က ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်သည် တရားခံ၏ဖခင်ထံမှ ငွေကျပ် ၂ သိန်း၊ စခန်းမှူး ရဲအုပ်ကျော်သူက တရားခံ၏ဖခင်ထံမှ ငွေကျပ် ၂ သိန်းနှင့် အိုးဘိုအကျဉ်းထောင်မပို့ရန် အတွက် ငွေကျပ် ၂ သိန်း၊ အမှုစစ် ဒုရဲအုပ် ထွန်းထွန်းလင်းက တရားခံ၏ ဖခင်ထံမှ တရားခံအား မညှဉ်းပန်းမနှိပ်စက်ရန်နှင့် အမှုကိစ္စအဆင်ပြေရန် ငွေကျပ် တစ်သိန်းငါးသောင်း နှင့် ဖမ်းဆီးသိမ်းဆည်းထားသော ဆိုင်ကယ်ပြန်လည်ရရှိရေးအတွက် ငွေကျပ်နှစ်သိန်းငါးသောင်း တို့ကိုလက်ခံရယူခဲ့သည်ဟုပါရှိသည်။

ယင်းကြောင့် ရာထူးတာဝန်ကို အလွဲသုံးစားပြုလုပ်ကာ ငွေကြေးတောင်းခံခဲ့သည့် ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးသိန်းနိုင်၊ စခန်းမှူးရဲအုပ်ကျော်သူ၊ အမှုစစ်ဒုရဲအုပ်ထွန်းထွန်းလင်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ချမ်းအေးသာစံမြို့နယ်၊ အမှတ်()နယ်မြေ ရဲစခန်းတွင် အမှုဖွင့်ရာ စခန်းမှူးရဲအုပ်ကျော်သူက ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

ယင်းကြောင့် ရဲအုပ်ကျော်သူကို တရားခံပြေးအဖြစ် ဝရမ်းထုတ်ထားသည်။

အဆိုပါအမှုမှ ရဲမှူးသိန်းနိုင်၏ အမှုအတွက် တရားလိုပြသက်သေ ဦးနှင့် တရားခံပြသက်သေ ဦး၊ ဒုရဲအုပ် ထွန်းထွန်းလင်း အမှုအတွက် တရားလိုပြသက်သေ ဦးနှင့် တရားခံပြသက်သေ ဦးတို့ကို စစ်ဆေးခဲ့ပြီး ယနေ့ တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု မန္တလေးတိုင်းတရားရုံးမှ သတင်းနှင့်ပြန်ကြားရေး အရာရှိ ဦးမြင့်စန်းက ဆိုသည်။

Show More

Related Articles

Back to top button