အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန်းလေဆိပ် အနောက်ဘက် ကျူးကျော်ရှင်းသည့် ထွေအုပ်နှင့်စည်ပင် အမှုဖွင့်ခံရ

(မန္တလေး) – မန္တလေးမြို႔ ချမ်းမြသာစည်လေဆိပ် အနောက်ဘက်ရှိ ကျူးကျော်နေအိမ်များကို ရှင်းလင်းနေသည့် မန်းစည်ပင်နှင့် အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဒေသခံအချို့နှင့် ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီ တို့က အကျိုးစီးပွားဖျက်ဆီးမှုဖြင့် ယနေ့တွင် အမှုဖွင့်လိုက်သည်။

ယမန်နေ့ကတည်းက အိမ်ခြေ ၂၀၀ ခန့်ကို ကျူးကျော်အဖြစ် သတ်မှတ်ပြီးရှင်းလင်းနေသည့် အဆိုပါနေရာတွင် မြေယာအငြင်းပွားမှုဖြင့် တရားရင်ဆိုင်နေရသည့် အိမ်များလည်း ပါဝင်သဖြင့် ရာဇသတ်ကြီး ပုဒ်မ ၄၂၇ ဖြင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း ဖျက်သိမ်းခံ အိမ်တစ်လုံး၏ ပိုင်ရှင် ကိုအောင်စိုးမြင့်က ပြောသည်။

မြေနေရာ ပိုင်ဆိုင်မှုအတွက် အောင်မြင်သူကုမ္ပဏီနှင့် ၂၀၁၁ ကတည်းက အငြင်းပွားနေခြင်းဖြစ်ပြီး တရားရုံး အပြီးသတ် အမိန့်မချမီတွင် စည်ပင်နှင့် ထွေအုပ် အရာရှိများက လာရောက် ဖျက်ဆီးခြင်းဖြစ်ကြောင်းလည်း သူကစွပ်စွဲသည်။

” ဒီနေ႔ ဖျက်သိမ်းတဲ့အပေါ်မှာ ခရိုင်က ညွှန်ကြားတာလား။ တိုင်းက ညွှန်ကြားတာလား ကျွန်တော်တို႔ သူတို႔ကို မေးတဲ့အခါ မဖြေကြားဘူး။ ကျွန်တော်တို႔အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ နစ်နာမှုတွေကို နိုင်ငံတော်ရဲ့ တာဝန်ရှိသူတွေကို သိစေချင်တယ်။ ဖြေရှင်းပေးစေချင်တယ်” ဟု ၄င်းက ပြောသည်။

ကိုအောင်စိုးမြင့်က ယင်းနေရာသည် ဆယ်စုနှစ်ပေါင်းများစွာ ၄င်းတို့ စိုက်ပျိုးလာသော မြေနေရာဖြစ်ပြီး အစိုးရထံ အခွန်ဆောင်ထားသည့် သက်သေအထောက်အထားများလည်း ရှိသည်ဟု ပြောသည်။

၄င်းတို့၏ တိုင်ကြားမှုကို ချမ်းမြသာစည်ရဲစခန်းက လက်ခံခဲ့ပြီး မနက်ဖြန်တွင် တရားရုံးသို့ ချိန်းဆိုထားကြောင်း ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီ ဥက္ကဋ္ဌ ဦးမင်းသူက ပြောသည်။

ချမ်းမြသာစည်မြို႔နယ် စည်ပင်အရာရှိများက ၄င်းတို့ အမှုဖွင့်ခံထားရသည်ကို မသိရှိသေးကြောင်း Myanmar Now ကို ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button