အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

AA ဖမ်းထားသူများထဲမှာ နောက်ဆုံးလက်ကျန်ဝန်ထမ်းတစ်ဦး ပြန်လွတ်

ရက္ခိုင့်တပ်တော် AA က ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ၎င်းတို့ဖမ်းဆီးထားသည့် အရပ်သားများနှင့် စစ်ဘက်နှင့် မသက်ဆိုင်သူများကို ပြန်လွှတ်ပေးရာတွင် နောက်ဆုံးကျန်နေသည့် အစိုးရဝန်ထမ်းတစ်ဦးကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၄ရက်) က ပြန်လွှတ်လိုက်ကြောင်း ထုတ်ပြန်လိုက်သည်။

ပြန်လည်လွတ်မြောက်လာသူ ဦးကျော်ဇင်ထွန်းမှာ ၂၀၁၉ အောက်တိုဘာ ၂၆ ရက်က စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ မေယုမြစ်ကြောင်းအတိုင်း သွားသည့် ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ တပ်မတော်မှအရာရှိတချို့၊ ရဲတပ်ဖွဲ့ဝင်တချို့နှင့်အတူ AA ၏ ဖမ်းဆီးခြင်းခံရသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်သည်။

အဆိုပါရေယာဉ်မှ စစ်ဘက်နှင့် မသက်ဆိုင်သူများကို ပြန်လွှတ်ပေးခဲ့သော်လည်း ဦးကျော်ဇင်ထွန်းကိုမူ ‘စစ်ဘက်နှင့် ဆက်နွှယ်သည်ဟု သံသယရှိသည့်အတွက် ဆက်လက်ထိန်းသိမ်းကာ စစ်ဆေးနေခြင်း’ ဖြစ်သည်ဟု AA ပြောခွင့်ရအရာရှိ ခိုင်သုခက ဆိုသည်။

“နောက်ပိုင်းမှာ သူ့ကို အရပ်ဘက်ကလို့ သေသေချာချာသိလို့ ပြန်လွှတ်ဖို့ ပြင်ဆင်ခဲ့တယ်၊ ဒါပေမဲ့ စစ်တပ်က ထိုးစစ်တွေပြင်းထန်နေလို့ သူ့ကို အခြေအနေတစ်ခုထိ လုံလုံခြုံခြုံ ထိန်းသိမ်းထားတာဖြစ်တယ်” ဟု ခိုင်သုခက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးကျော်ဇင်ထွန်းကို ရက်ပေါင်း ၁၂၀ ကြာ ဖမ်းဆီးထားပြီးနောက် ယမန်နေ့ ၃ နာရီခွဲခန့်က ရသေ့တောင်မြို့နယ် ရီပိုက်ဆုံ ကျေးရွာတွင် ကျေးရွာလူကြီးများထံ ပြန်လည်အပ်နှံပြီး လွှတ်ပေးလိုက်သည်ဟု AA ကဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေကို မေးမြန်းရာမှာတော့ ဦးကျော်ဇင်ထွန်း ပြန်လည်လွတ်မြောက်လာသည်မှာ မှန်ကန်ကြောင်း အတည်ပြုသည်။

“မနေ့ကတော့ စစ်တွေကိုရောက်ပြီလို့ သိရတယ်။ ဆိုတော့ … ဒီနေ့တော့ ရန်ကုန်ပြန်ရောက်မယ် ထင်တယ်” ဟု လွှတ်တော်အမတ်က ဆိုသည်။

အဆိုပါရေယာဉ်ကို AA က ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာအနီးတွင် တားဆီးကာ ရေယာဉ်ပေါ်တွင်ပါသူ ၅၈ ဦးကို ဖမ်းဆီးခဲ့သည်ဟု နေပြည်တော်တွင် ၂၀၁၉ အောက်တိုဘာက တပ်မတော်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ ယင်းတို့တွင် တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အစိုးရဝန်ထမ်း ၂ ဦးနှင့် အရပ်သား ၁၃ ဦးတို့ ပါဝင်သည်ဟု တပ်မတော်က ထုတ်ပြန်ခဲ့သည်။

တစ်ဖက်တွင်မူ AA က ၎င်းတို့ဖမ်းဆီးထားသူများကို တခြားနေရာသို့ ရွှေ့ပြောင်းနေစဉ် တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် လိုက်လံပစ်ခတ်မှုကြောင့် ၎င်းတို့တပ်ဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးထားသူတချို့ သေဆုံးသွားခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

AA ၏အဆိုအရ စစ်ဘက်နှင့် မသက်ဆိုင်သောသူများကို ၂၀၁၉ ခုနှစ်အတွင်းက ၆၆ ဦး ပြန်လွှတ်ပေးခဲ့ပြီး ၂၀၂၀ တွင် ဦးကျော်ဇင်ထွန်းအပါအဝင် ၄ ဦး ပြန်လွှတ်ပေးခဲ့သည့် အတွက် စစ်ဘက်နှင့် မသက်ဆိုင်သူ လူဦးရေ စုစုပေါင်း ၇၀ ဦးအထိ ပြန်လွတ်မြောက်ခဲ့ပြီ ဖြစ်သည်။

သို့သော် စစ်ဘက်နှင့် ပတ်သက်သူများကိုဆက်လက်ဖမ်းဆီးထားဆဲဖြစ်ပြီး အရေအတွက် မည်မျှ ဖမ်းဆီးထားသည်ကိုမူ မသိရပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button