အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဦးစိုးထွန်းရှိန်အမှု MIC ညွှန်ချုပ်ဟောင်း ဦးအောင်နိုင်ဦး သက်သေအဖြစ် ရောက်မလာ

ရွှေလုပ်ကွက်ကြွေးကျန်ကိစ္စဖြင့် အမှုရင်ဆိုင်နေရသည့် အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်၏ ဖေဖော်ဝါရီ ၂၄ ရက်နေ့ တရားခွင်သို့ တရားလိုပြသက်သေဖြစ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူးဟောင်း ဦးအောင်နိုင်ဦးရောက်မလာခဲ့ဘဲ မိနစ်ပိုင်းဖြင့် တရားခွင်ပြီးဆုံးခဲ့သည်။

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ မိုးထိမိုးမိ ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းအတွက် မြေဧက ၆၁၀၀ ကျော်ပေါ်တွင် လုပ်ကိုင်ခွင့်ရခဲ့သည့် ဦးစိုးထွန်းရှိန်ကို နိုင်ငံတော်သို့ ရွှေစင် ၁၂၉၃ ပိဿာကျော် ပေးသွင်းရန်ပျက်ကွက်မှုဖြင့် အမှတ် (၂) သတ္တုတွင်းလုပ်ငန်းက တရားစွဲဆိုထားခြင်းဖြစ်သည်။

ထိုစဉ်က “သတ္တုတွင်းဝန်ကြီးဌာနနှင့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီတို့ ပူးတွဲလုပ်ကိုင်ရာတွင် လိုအပ်ပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကို တင်ပြ ဖြေရှင်းရမည်ဟု စာချုပ်တွင် ပါရှိသည်မှာ မှန်ပါသလား” ဟု ဦးစိုးထွန်းရှိန်၏ ရှေ့နေက မေးမြန်းခဲ့စဉ်က တရားလို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ အထွေထွေမန်နေဂျာဦးအေးဇော်က ၂၀၁၉ နိုဝင်ဘာ ၂၆ ရုံးချိန်းအတွင်း မှန်ကန်ကြောင်းထွက်ဆိုခဲ့သည့်အတွက် ဦးအောင်နိုင်ဦးကို တရားလိုအဖြစ် ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ဦးအောင်နိုင်ဦးမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ယခု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဖြစ်သည်။

ဆင့်စာ အတည်ဖြစ်မဖြစ် ပြန်လည်တင်ပြလာခြင်း အခုထိ မရှိသေးပါဘူး ဟု ရမည်းသင်းမြို့နယ် တရားသူကြီး ဦးဇော်လင်းမောင်က အသိပေးသည်။

၎င်းကို ရမည်းသင်းမြို့နယ်တရားရုံးက ရုံးခေါ်သက်သေအဖြစ် ဖေဖော်ဝါရီ ၁၇ ရက်ရုံးချိန်းတွင် ဆင့်ခေါ်ထားခဲ့ခြင်းဖြစ်ပြီး လာမည့်ရက်သတ္တပတ်တွင် စစ်ဆေးနိုင်ရန်ဆောင်ရွက်မည်ဟု တရားသူကြီးက ဆိုသည်။

ထို့နောက် တရားလိုပြသက်သေများဖြစ်သည့် ဦးနောင်နောင်နှင့် ဦးတေဇာလင်း (ရာထူးနှင့်တာဝန်မသိရ) တို့ကို ဥပဒေအရာရှိက သက်သေစာရင်းမှ ပြန်လည်နုတ်ပယ်သွားကြောင်း၊ တရားရုံးချိန်းကို မတ် ၄ ရက်သို့ ပြန်လည်ချိန်းဆိုကြောင်း တရားသူကြီးက အသိပေးပြီးနောက်တွင် တရားခွင်ကို ရုပ်သိမ်းခဲ့သည်။

သတ္တုတွင်းဥပဒေပုဒ်မ ၃၀-က ဖြင့် တရားစွဲဆိုခံထားရသည့် ဦးစိုးထွန်းရှိန်သည် အမှုတွဲ ငါးဦးနှင့်အတူ ရမည်းသင်းအကျဉ်းထောင်မှတစ်ဆင့် မြို့နယ်တရားရုံးသို့ လာရောက် တရားရင်ဆိုင်ခြင်းဖြစ်သည်။ အဆိုပါ ပုဒ်မသည် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ရနိုင်သည့်အပြင် ငွေဒဏ် အနည်းဆုံး ကျပ် ၁၀ သိန်းမှ အများဆုံး ကျပ် သိန်း ၅၀ အထိ ချမှတ်နိုင်သည်။

တရားခွင်အပြီးပြန်အထွက်တွင် နိုင်ငံတော်အကြီးအကဲများကို မည်သည့်စကား ပါးလိုသနည်းဟု Myanmar Now က မေးမြန်းရာတွင်အမှန်တရားကိုမြင်အောင် ကြည့်နိုင်ပါစေ” ဟု ဦးစိုးထွန်းရှိန်က ဆိုသည်။

အဆိုပါအမှုတွင် ဦးအောင်နိုင်ဦးအပါအဝင် တရားလိုပြသက်သေ ၃ ဦး စစ်ဆေးရန်ကျန်ရှိသေးသည်ဟု မြို့နယ်တရားသူကြီး ဦးဇော်လင်းမောင်က ပြောသည်။

ရွှေကြွေးကျန်များ ပေးသွင်းရန် အကြိမ်ကြိမ်ပျက်ကွက်သည်ဟုဆိုကာ အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီကို ရွှေတူးဖော်ခွင့် ရုပ်သိမ်းခဲ့သော်လည်း ဆက်လက်တူးဖော်သည်ဟုဆိုကာ ရမည်းသင်းရဲစခန်း၌ အစိုးရက အမှုဖွင့်ခဲ့သည်။

၎င်းအပါအဝင် ကုမ္ပဏီထိပ်ပိုင်းလူကြီးအချို့ တိမ်းရှောင်နေခဲ့ကြရာမှ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံသို့ မြန်မာရဲများက သွားရောက်ဖမ်းဆီးခဲ့ကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button