
အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း သေဆုံးသူအရေအတွက် အများဆုံးနှင့် အဆိုးရွားဆုံးသော လေကြောင်းတိုက်ခိုက်မှုအဖြစ် မှတ်တမ်းဝင်သွားသည့် ပဇီကြီးရွာကို တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီက ဝန်ခံထားသည်။ ယနေ့ (ဧပြီ ၁၂) မွန်းလွဲပိုင်းအထိ သေဆုံးသူ ၉၇ ဦးထိ အတည်ပြုနိုင်ပြီး ထိုအထဲတွင် ကလေးငယ် ၃၄ ဦး ပါဝင်နေသည်ဟု သိရသည်။ ထိုတိုက်ခိုက်မှုကြောင့် ထိခိုက်၊ သေဆုံးမှု နောက်ဆုံးအခြေအနေများနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကို Myanmar Now က ယနေ့ မွန်းလွဲပိုင်းတွင် ဆက်သွယ်မေးမြန်းထားသည်။