အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရေဦးတွင် အမျိုးသမီးတစ်ဦး မီးရှို့အသတ်ခံရမှု လူငယ်နှစ်ဦးကို ဖမ်းဆီးစစ်ဆေး

နွားကျောင်းသွားသည့် အမျိုးသမီးတစ်ဦး တောအတွင်း စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၌ မီးရှို့အသတ်ခံရမှုအတွက် သံသယရှိသူ လူငယ် ၂ ဦးကိုဖမ်းဆီးစစ်ဆေးနေကြောင်း ရေဦးမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်းကပြောသည်။

အသတ်ခံရသည့် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးမှာ ရေဦးမြို့နယ်၊ ညောင်နီကန်ကျေးရွာအုပ်စု၊ အင်ပင်ရေကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းက နွားကျောင်းရန် အိမ်က ထွက်သွားပြီး ညနေတွင် နွားများသာ ပြန်ရောက်လာသဖြင့် လိုက်ရှာရာ မီးရှို့အသတ်ခံထားရသည်ကို တွေ့ရခြင်းဖြစ်ကြောင်း ၎င်း၏ဖခင် ဦးတင်လှကဆိုသည်။

အဆိုပါ အမျိုးသမီးမှာ ၎င်းတို့ နေထိုင်ရာ တဲ၏တောင်ဘက် ၄ ဖာလုံအကွာရှိ တောတွင်းနွားစားကျက်တွင် မီးရှို့ အသတ်ခံရထားရခြင်းဖြစ်ပြီး အသတ်ခံရသူနှင့် အတူပါသွားသည့် လက်ကိုင်ဖုန်းလည်း ပျောက်ဆုံးနေကာ စက်ပိတ်ထားကြောင်း၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သံသယရှိသဖြင့် ဖမ်းဆီးထားသည့် လူငယ် ၂ ဦးမှာ ဒီပဲယင်းတွင် နေထိုင်သူများဖြစ်ပြီး အခင်းဖြစ်သည့် တောထဲတွင် ယာလုပ်ငန်း လုပ်ကိုင်သူများဖြစ်ကြောင်း ညောင်နီကန်အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်ကဆိုသည်။

 

“ဒီပဲယင်းက ကောင်လေးတွေက ဒီတောထဲ ယာလာခုတ်ပြီး အမြဲနေတယ်။ ဒါ့ကြောင့် သံသယရှိလို့ ဖမ်းတာ” ဟု ၎င်းကပြောသည်။

ယင်းအမှုကို ပုဒ် ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့်ထားပြီး တရားခံပေါ်ပေါက်ရေး စစ်ဆေးလုပ်ဆောင်နေကြောင်း၊ အသေးစိတ်ကို မပြောနိုင်သေးကြောင်း ရေဦးမြို့နယ်၊ ရဲစခန်းတာဝန်ရှိသူက ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button