
တရုတ်နိုင်ငံ၊ ဝူဟန်မြို့က ကိုရိုနာဗိုင်းရပ် ပျံ့နှံကူးစက်မှုများလာခြင်းနှင့်အတူ ဗိုင်းရပ်နှင့် ပတ်သက်ပြီး လူအများကို အထိတ်တလန့်ဖြစ်စေသလို တစ်ဖက်တွင် ငွေရရေးအတွက် သတင်းမှား၊ သတင်းတုများ ရေးသား ဖြန့်ဝေကာ ဝက်ဘ်ဆိုက်များမှာ ယခုရက်ပိုင်းအတွင်း အပြိုင်းအရိုင်း ပေါ်လာကြသည်။
ဝူဟန်ဗိုင်းရပ်နှင့် ပတ်သက်သည့် Click-Bait (သတင်းမှားများကို လူကြည့်များစေရန် ဖြားယောင်းထားသည့်) ဝက်ဘ်ဆိုက်များမှာ Facebook ၏ထုတ်ကုန်တစ်ခုဖြစ်သည့် Instant Articles ချိတ်ဆက်ထားပြီး ဝင်ရောက်ကြည့်ရှုနှုန်းပေါ် မူတည်ကာ Facebook မှ ဝင်ငွေများရရှိနေကြသည့် ဝက်ဘ်ဆိုက်များဖြစ်သည်။
ရာနဲ့ချီသော အဆိုပါ Click-Bait ဝက်ဘ်ဆိုက်များသည် လက်ရှိတွင် ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်သည့် သတင်းမှားများကို ဖြန့်ဝေနေကြပြီး အဆိုပါသတင်းမှားထဲမှ စာဖတ်သူ၊ အင်တာနက်အသုံးပြုသူများကို ထင်ယောင်ထင်မှားဖြစ်စေကာ အန္တရာယ်ရှိနိုင်သည့် ဝက်ဘ်ဆိုက်အချို့ကို Myanmar Now က အချက်အလက်စစ်ဆေးပြီး ဖော်ပြပေးလိုက်သည်။
၁။ ရန်ကုန်ဆေးရုံကြီးတွင် ဝူဟန်ကော်ရိုနာ အဆုတ်ရောင်ဗိုင်းရပ် ရောဂါပိုးသံသယလူနာတစ်ဦး ရောက်ရှိဟု သတင်းထွက်ပေါ်လာ (သတင်းမှား)
အဆိုပါသတင်းသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက် သောကြာနေ့တွင် ‘ရန်ကုန်ခေတ်သစ် သတင်းဌာန’ Khit Thit Media က ရေးသားခဲ့သည့်သတင်းတစ်ပုဒ်မှ အစပြုကာ ကောလာဟလအဖြစ်ပျံ့ နှံ့သွားခဲ့သည့် သတင်းတစ်ပုဒ်ဖြစ်သည်။ အဆိုပါ ခေတ်သစ်သတင်းတွင် ရန်ကုန်ဆေးရုံကြီး၌ တရုတ်အမျိုးသမီးတစ်ဦး ကိုရိုနာဗိုင်းရပ် သံသယလူနာအဖြစ် တက်ရောက်နေကြောင်း သတင်းထွက်ပေါ် နေကြောင်းနှင့် အတည်ပြု၍မရကြောင်း ရေးသားထားသည်။ သို့သော် ထိုသတင်းကို click-bait ဝက်ဘ်ဆိုက်အတော်များများက ထပ်ဆင့်ကူးယူဖော်ပြခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ် သံသယ လူနာမရှိသေးကြောင်း၊ ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ခဲ့သည့် တရုတ်အမျိုးသမီးဆိုသူမှာ ကိုရိုနာဗိုင်းရပ်ရောဂါ လက္ခဏာများမဟုတ်ကြောင်း ထိုနေ့ညနေမှာပင် နေပြည်တော်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။
အဆိုပါသတင်းမှားကို E.T.S ဆို

၂။ တိဘက်ဒေသမှလွဲ၍ တရုတ်တစ်နိုင်ငံလုံးကူးစက်သွားပြီဟု သမ္မတရှီကျင့်ဖိန်ပြောပြီ (သတင်းမှား)
အဆိုပါသတင်းမှားကို Click Baits ဝက်ဘ်ဆိုက် အများအပြားက ကူးယူဖြန့်ဝေနေကြသည်။ Myanmar Now ၏ အချက်အလက်စစ်ဆေးမှုအရ သမ္မတရှီကျင့်ဖိန် က “ကော်ရိုနာဗိုင်းရပ်စ်ကူးစက်မှုမှာ အရှိန်မြင့်လာနေပြီ” ဟုသာ ယခုလ ၂၆ ရက်က တရုတ်နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ပြောဆိုထားသည်ကိုသာ တွေ့ရသည်။ သို့သော် တိဗက်ဆိုသည့်အသုံးအနှုန်းများ မတွေ့ရသလို တရုတ်တစ်နိုင်ငံလုံး ကူးစက်သွားပြီဟုလည်း ပြောဆိုခြင်း မရှိခဲ့ပေ။
အဆိုပါသတင်းမှားကို လှတောသား ဆိုသည့် ဝက်ဘ်ဆိုက်က မှုခင်းသတင်းစုံ
၃။ သင်ဇာဝင့်ကျော် ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် (သတင်းမှား)
အဆိုပါသတင်းမှားကို ဇန်နဝါရီ ၂၇ ရက် နေ့လယ်ပိုင်းတွင် သတင်းခိုးယူပြီး ဖြန့်ဝေနေသည့် Click Baits ဝက်ဘ်ဆိုက်များက စတင်ဖြန့်ဝေခဲ့ကြသည်။ Tin Zar Wint Kyaw ၏ Facebook ‘My Day’ တွင် ယနေ့ (ဇန်နဝါရီ ၂၇ ရက်က) တင်ထားခဲ့သည့် ဆေးရုံတက်နေသည့် ပုံအချို့ကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေနေကြခြင်းဖြစ်သည်။
ခေါင်းစဉ်တွင် ဖော်ပြထားသည်နှင့် အတွင်းစာသားများမှာ မည်သို့မျှ သက်ဆိုင်ခြင်းမရှိဘဲ လူစိတ်ဝင်စားရန် လှည့်ဖြားရေးသားထားခြင်းသာဖြစ်သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းမရှိပေ။
အဆိုပါသတင်းမှားကို E.T.S ဆို

၄။ Wuhan မှာ အစိုးရဖုံးကွယ်ထားတဲ့ တကယ်သေတာ လူ ၉ သောင်းရှိပြီဆိုတဲ့အကြောင်းကို ဆေးရုံကအတွင်းလူ ပြောပြနေတဲ့ video File ပေါက်ကြား (သတင်းမှား)
အဆိုပါသတင်းသည် ဆေးရုံက ဆရာမတစ်ဦးဆိုသူက ဗီဒီယိုရိုက်တင်ထားသည်ကို ပြန်လည်ဖြန့်ဝေနေကြခြင်းဖြစ်သည် အဆိုပါ ဗီဒီဖိုင်ပါအချက်အလက်များသည် အစစ်အမှန် ဟုတ်သည်မဟုတ်သည်ဆိုခြင်းကိုမူ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
အဆိုပါဗီဒီယိုဖိုင်တွင် လူ ကိုးသောင်းကျော် ဟူသည့် အသုံးအနှုန်းပါဝင်သော်လည်း ကူးစက်ခံရသည်ဟုသာ ပါရှိပြီး သေဆုံးသည်ဟု ပြောဆိုထားခြင်းမဟုတ်ပေ။ ထို့ပြင် ပါးစပ်ကို နှာခေါင်းစည်း အုပ်ထားသည့်အတွက် ၎င်းကိုယ်တိုင် ပြောနေသည်လားဆိုသည်မှာလည်း မသေချာပေ။ အတည်ပြုနိုင်သည့် သတင်းအချက်အလက်များကို တရားဝင်သတင်းဌာနများက ထုတ်ပြန်ထားပြီး လက်ရှိတွင် တရုတ်နိုင်ငံတွင် လူ ၁၀၆ ဦးသေဆုံးကာ တရုတ်နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း ကူးစက်ခံရသူ ၄၅၀၀ ဝန်းကျင် ရှိပြီဖြစ်သည်။
အဆိုပါသတင်းမှားကို လှတောသား ဆို

၅။ မြို့ ကို ပိတ်ဆို့ထားတဲ့ကြားကနေ လူဦးရေ (၅) သန်းကျော် ထွက်ခွာလွတ်မြောက်သွားတယ်လို့ ဝူဟန်မြို့တော်ဝန် ဝန်ခံ (သတင်းမှား)
အဆိုပါသတင်းသည် သတင်းအချက်အလက် မှန်တချို့နှင့် သတင်းအချက်အလက်အမှားများ ရောနှောကာ လှည့်ဖြားရေးသားထားခြင်းဖြစ်သည်။ မူရင်းသတင်းအကြောင်းအရာတွင် “တရုတ်နှစ်သစ် ပွဲတော်နှင့် ကပ်ရောဂါကြောင့် လူငါးသန်းကျော်မှာ ဝူဟန်မြို့မှ ထွက်ခွာသွားကြပြီး လူ ၉ သန်းခန့်မှာ မြို့ထဲတွင်ရှိနေဆဲဖြစ်ကြောင်း မြို့တော်ဝန် Zhou Xianwang (ကျိုးရှန်းဝမ်) က ယမန်နေ့ (ဇန်နဝါရီ ၂၆ ရက်) က ပြောကြားခဲ့သည်။
သို့သော် Click Baits Website များက မြို့ကို ပိတ်ဆို့ထားသည့်ကြားမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း မြို့တော်ဝန်က ဝန်ခံသည်ဟူသော အချက်အလက်မှားကို ရောပြွမ်းထည့်သွင်းကာ လူအများစိုးရိမ်ထိတ်လန့်စေရန် လှည့်ဖြားရေးသားထားခြင်းဖြစ်သည်။
အဆိုပါသတင်းကို maharmedianews
၆။ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး ဝူဟန် ကိုရိုနာဗိုင်းရပ် ရောဂါဖြင့် သေဆုံး (သတင်းမှား)
ဇန်နဝါရီ ၂၈ ရက်နေ့တွင် ပျံ့နေသည့် သတင်းမှားဖြစ်သည်။ အဆိုပါသတင်းတွင် ခေါင်းစဉ်၌ “ကိုရိုနာဗိုင်းရပ်ရောဂါဖြင့် သေဆုံး” ဟု ဖော်ပြထားသော်လည်း သတင်း၏အတွင်းစာသားများတွင် ကိုရိုနာဗိုင်းရပ် ဆိုသည့်စာသားမပါရှိပေ။
ထို့ပြင် Myanmar Now ၏ အချက်အလက်စစ်ဆေးမှုအရ မူရင်းတင်
၇။ သရုပ်ဆောင် ထက်အောင်ရှိုင်း ဝူဟန်ဗိုင်းရပ်စ် သံသယဖြစ်ဖွယ် လူနာအဖြစ် ကုသမှုခံယူ (သတင်းမှား)
အဆိုပါသတင်းမှားသည် သရုပ်ဆောင် ထက်အောင်ရှိုင်း၏ Facebook – My Day တွင် တင်ထားသည့် ပုံများကို အသုံးပြုပြီး လှည့်ဖြားရေးသားထားသည့် အကြောင်းအရာဖြစ်သည်။ သတင်းမှားသာဖြစ်ကြောင်း၊ နေကောင်းကြောင်း သရုပ်ဆောင်ထက်အောင်ရှိုင်းက သူ၏ Facebook မှ ပြန်လည်ရှင်းလင်းထားသည်။
နံပါတ် (၆) နှင့် (၇)တွင် ပါသည့် သတင်းမှားကို E.T.S ဆို

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်