အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘူးသီးတောင်မြို့နယ်တွင် ပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦး သေ

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်တွင် ယနေ့မနက်က ပေါက်ကွဲမှုကြောင့် အနည်းဆုံး အနည်းဆုံး ကလေး ၂ ဦး သေဆုံးပြီး၊ ၆ ဦး ဒဏ်ရာရသွားသည်ဟု ယင်းမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းက Myanmar Now ကို ပြောသည်။

ပေါက်ကွဲမှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများမှာ ထိပ်တူးပေါက်ရွာသားများဖြစ်ကြပြီး အသက် ၁၀ နှစ်ခန့် ယောက်ျားလေး ခုနစ်ဦး၊ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးတို့ မြို့နယ်ဆေးရုံသို့ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် ရောက်လာကြောင်း၊ ကလေးနှစ်ဦးမှာ ဆေးရုံရောက်သည့်အချိန်တွင် သေဆုံးနေပြီဖြစ်ကြောင်း လွှတ်တော်အမတ်က ဆိုသည်။

“အသေးစိတ်တော့ မသိရသေးဘူး၊ ရွာနားက တောင်ပေါ်ကိုသွားတဲ့အချိန်မှာ မိုင်းပေါက်ပြီးထိတာလို့တော့ သိထားရတယ်” ဟု ဦးထွန်းအောင်သိန်းက ပြောသည်။

ပေါက်ကွဲမှုသည် မြေမြှုပ်မိုင်းကြောင့်လား၊ လက်နည်ကြီးကျည် ကျရောက်၍လား မသိရသေးပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မွတ်စလင်အများစု နေထိုင်ရာ ထိပ်တူးပေါက်ရွာမှာ ဘူးသီးတောင်မြို့နယ်အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာတွင်ရှိပြီး ယခင်ကလည်း ရွာအတွင်း၊ လက်နက်ကြီးကျသည့် ဖြစ်စဉ်များလည်း ရှိခဲ့ဖူးသည်။

သေဆုံးသူနှစ်ဦးမှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၁၅ နှစ်အရွယ်တစ်ဦးတို့ဖြစ်ပြီး ဒဏ်ရာရသူများတွင် အသက် ၃၀ ခန့်ရှိသည့် အမျိုးသားတစ်ဦးနှင့် အသက် ၁၂ နှစ်အောက် ကလေး ၅ ဦး တို့ဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ်ဆေးရုံအုပ် ဒေါက်တာစောမင်းသိန်းက Myanmar Now ကို အတည်ပြုသည်။

ဒဏ်ရာရသူ ၆ ဦးအနက် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၁၀ နှစ်ဝန်းကျင် ကလေး ၂ ဦးမှာ စိုးရိမ်ရသောကြောင့် မောင်တောဆေးရုံသို့ လွှဲပြောင်းပေးထားကြောင်း ၎င်းက ပြောသည်။

“ဒဏ်ရာရတဲ့သူတွေက လက်တို့ ခြေထောက်တို့ အသေးစားဒဏ်ရတွေရတယ်၊ မောင်တော လွှဲပေးလိုက်တဲ့သူတွေကတော့ ဗိုက်၊ ခေါင်းနဲ့ ကျောရိုးတွေမှာ ထိထားတာဆိုတော့ စိုးရိမ်ရတယ်” ဟု ဒေါက်တာစောမင်းသိန်းက ဆိုသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြားဖြစ်ပွားသည့် တိုက်ပွဲများအတွင်း ဘူးသီးတောင်မြို့နယ်အတွင်းရှိ မွတ်စလင်ကျေးရွာများထဲသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများနှင့် ဒဏ်ရာရမှုဖြစ်စဉ်များလည်း မကြာခဏဖြစ်လေ့ရှိသည်။

ယမန်နှစ်က ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းအနီးတွင် ဝါးခုတ်နေသည့် မွတ်စလင်များကို AA တပ်ဖွဲ့ဝင်များဟု မှားယွင်းကာ တပ်မတော်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ရွာသားအချို့ သေဆုံးခဲ့ဖူးသည်။

ရခိုင်လက်နက်ကိုင် AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများတွင် တပ်မတော်ဘက်က လက်နက်ကြီးအသုံးပြုမှုများအပြင် ရဟတ်ယာဉ်၊ တိုက်လေယာဉ်များသာမက မကြာသေးမီက တိုက်ပွဲများအတွင်း တိုက်ပွဲသုံးမောင်းသူမဲ့ယာဉ် (ဒရုန်း) ကိုပါ အသုံးပြုလာသည်ဟု AA က ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles