အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြင်းခြံတွင် ထောင်ဆူ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံအကျဉ်းထောင်တွင် ယနေ့ဒီဇင်ဘာ (၃၀)၊ မနက်(၁၀)နာရီမှစ၍ ထောင်ဆူပူမှုဖြစ်ခဲ့ပြီး ယခု ငြိမ်သက်သွားပြီဟု ထောင်၏ ဒုညွှန်ကြားရေးမှူး ဦးအောင်နိုင်ဖေက Myanmar Now ကို ပြောသည်။

မြင်းခြံထောင် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဖေက “ကျွန်တော်တို့ အခြေအနေကို ထိန်းထားနိုင်ပါပြီ၊ ခု အစည်းအဝေး အရေးပေါ်လုပ်နေလို့ပါ” ဟု ပြန်လည်ဖြေကြားသည်။

အကျဉ်းသားများနေသည့် ထောင်အတွင်းတံခါးများကို သံဆူးကြိုးခတ်ပြီး၊ အချုပ်သားတစ်ယောက်သာထွက်နိုင်သည့် တံခါးပေါက် ပြုလုပ်မည်ကို မကျေနပ်သည့်အတွက် ဆူပူခြင်းဖြစ်နိုင်သည်ဟု မြင်းခြံထောင်သို့ ယနေ့ ထောင်ဝင်စာသွားရောက်တွေ့ဆုံခဲ့သူတစ်ဦးက Myanmar Now ကို ပြောသည်။

“ထောင်မှူးအလိုမရှိ၊ ထောင်မှူး အလိုမရှိ၊ အဲဒီလိုအော်နေကြတယ်” ဟု အမည်မဖော်လိုသူ ယင်းအမျိုးသားက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၅၊ လွှတ်တော်အမတ် ဦးအောင်မျိုးလတ်က ထောင်ဆူသည့်သတင်း ကြားသိရ၍ ထောင်ပိုင်ဆီ ဆက်သွယ်မေးမြန်းရာ “ထောင်တွင်းတံခါးများကို သံဆူးကြိုးခတ်လိုက်သောကြောင့် ဆူပူမှုဖြစ်ပွားခြင်းဖြစ်ကြောင်း” သိရသည်ဟု Myanmar Now ကို ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လူ့အခွင့်အရေးကော်မရှင်သို့ အကြောင်းကြားထားသည်ဟု ဦးအောင်မျိုးလတ်က ဆိုသည်။

ဆူပူမှုဖြစ်ပွားသည့် မြင်းခြံထောင်သို့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးကိုယ်တိုင် သွားရောက်စစ်ဆေးနေသည့်အတွက် လူ့အခွင့်အရေးကော်မရှင်အနေဖြင့် အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာကလည်း မြင်းခြံထောင်တွင် ဆူပူမှု ဖြစ်ခဲ့ဖူးပြီး ထောင်ပိုင်အား ပြောင်းရွှေ့ပေးရန်၊ နေထိုင်ရေးနှင့် ကျန်းမာရေးကျပ်တည်းမှုများကို ဖြေရှင်းပေးရန် အချက်သုံးချက်ကို အကျဉ်းသားများက တောင်းဆိုခဲ့ကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button