အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

Mytel ဝန်ထမ်း ၂ ဦး AA ဖမ်းသွားဟု တပ်မတော်ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးလုပ်ငန်းများ တိုးမြှင့်ရန် ကွင်းဆင်းလုပ်ဆောင်နေသည့် Mytel မှ ဝန်ထမ်း ၂ ဦးကို AA (ရက္ခိုင့်တပ်တော်)က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တပ်မတော်က ယနေ့ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Mytel ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်နယ်ဆက်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်နှင့် ယာဉ်မောင်းဖြစ်သူ ဦးစောသိန်းမောင် တို့ ၂ ဦးကို ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ကျောက်တော်မြို့အနီးတွင် AA ကဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ AA ပြောခွင့်ရ ခိုင်သုခကို ဆက်သွယ်မေးမြန်းရာတွင် “ကျွန်တော် ဘာမှမသိသေးတဲ့အတွက် ဘာဖြစ်တယ်ဆိုတာ ကျွန်တော် ဘာမှမပြောနိုင်သေးဘူး။ ပြန်မေးပြီးမှပဲ ပြောလို့ရမယ်” ဟုသာ ပြန်လည်ဖြေကြားသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကလည်း အစည်းအဝေး လုပ်နေသဖြင့် ဖုန်းပြန်လည်ဖြေကြားနိုင်ခြင်း မရှိသေးပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Mytel ကုမ္ပဏီ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းရာတွင်လည်း လတ်တလော ပြန်လည်ဖြေကြားနိုင်ခြင်း မရှိသေးပေ။

Mytel ကုမ္ပဏီမှာ ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global JSC နှင့် မြန်မာကာကွယ်ရေးဝန်ကြီးဌာနပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း လက်အောက်ရှိ Star High အပါအဝင် မြန်မာနိုင်ငံအခြေစိုက် ကုမ္ပဏီများက ၂၀၁၆ တွင် ပူးပေါင်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် AA လက်နက်ကိုင် အဖွဲ့တို့ တိုက်ပွဲများကြောင့် ဒေသခံအများအပြား စစ်ဘေးတိမ်းရှောင်နေရပြီး၊ AA နှင့် ဆက်နွှယ်သည်ဆိုကာ ဒေသခံများကို တပ်မတော်က ဖမ်းဆီးစစ်ဆေးမှုများရှိသလို AA အဖွဲ့ကလည်း အစိုးရဝန်ထမ်းများ၊ လွှတ်တော်အမတ်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တို့ကို ဖမ်းဆီးမှုများ ရှိခဲ့သည်။

ဒီဇင်ဘာလ ၂၄ ရက် မွန်းလွဲပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်အပါအဝင် အမျိုးသားဝန်ထမ်း ၃ ဦးကိုလည်း AA က ဘူးသီးတောင်မြို့နယ်အတွင်းတွင် ဖမ်းဆီးခဲ့သေးကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၂၆ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်တွင် ဖမ်းဆီးခဲ့သည့် တပ်မတော်သား၊ ရဲနှင့် အစိုးရဝန်ထမ်း စုစုပေါင်း ၁၆ ဦးကို ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း AA က အတည်ပြုပြောဆိုထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဘူးသီးတောင်မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်းမှာလည်း AA ကဖမ်းဆီးထားစဉ် သေဆုံးသွားသည်။

ဦးရဲသိန်းအပြင် NLD ပါတီဝင် ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁၁)၊ အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကို နိုဝင်ဘာ ၃ ရက်က AA က ဖမ်းဆီးထားခဲ့ပြီး ယခုအချိန်ထိ ၎င်းတို့ ‘ဖမ်းဆီးထားဆဲဖြစ်မည်’ ဟု ယူဆရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button