အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီးနှင့်ကလေးနှစ်ဦးကို ထိုင်းရဲက ဖမ်းဆီးထားပြီး မြန်မာနိုင်ငံသို့ လွှဲပို့ရန် စီစဉ်နေ

ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီး မနှင်းဇာဖြူနှင့် ကလေးနှစ်ဦးကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး လက်ရှိတွင် မြန်မာနိုင်ငံသို့ လွှဲပြောင်း ပေးရန် ပြင်ဆင်နေသည်ဟု Myanmar Now က သတင်းရရှိသည်။

ယမန်နေ့ (နိုင်ဝင်ဘာ ၅) ရက်က ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ၁၁ နှစ်အရွယ်သမီး၊ စောပြည့်သျှင်အတွက် ဗီဇာ သက်တမ်းတိုးရန် မိသားစုလိုက် သွားရောက်သည့်အချိန်တွင် ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်က ဆိုသည်။

“မနေ့က ညနေ ၃ နာရီလောက်မှာ ဖမ်းခံရတာ၊ ဒီနေ့ ချင်းမိုင်ကနေ (တာချီလိတ်နှင့်ကပ်လျက်) မယ်ဆိုင်ဘက်ကို ဟယ်လီကော်ပတာနဲ့ ခေါ်သွားတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ဖမ်းဆီးခံရသည့်အထဲတွင် ပါဝင်သည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ သားငယ် မြတ်လင်းဇံမှာ အသက် ၁ နှစ်သာ ရှိသေးသည်။

တစ်ဖက်တွင်လည်း ၎င်း၏ ညီမ မယမင်းမြတ်နှင့် ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ အောက်တိုဘာလက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှ ပြန်လာစဉ် ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရပြီး ယခုအခါ မရမ်းကုန်း တရားရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုခံထားရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button