အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မကွေးတွင် ရာသီဥတုကြောင့် ပျက်ကျသည့် တိုက်လေယာဉ်များသည် တရုတ်ထုတ် F7 များဖြစ်

ရန်ကုန် – ရာသီဥတုကြောင့် မကွေးတွင် ပျက်ကျခဲ့သည့် တိုက်လေယာဉ်နှစ်စင်းသည် တရုတ်နိုင်ငံထုတ် F7 အမျိုးအစားများဖြစ်ကြောင်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံထုတ် F7 အမျိုးအစား အဆိုပါလေယာဉ်နှစ်စင်းသည် လေ့ကျင့်ပျံသန်းမှုများ ပြုလုပ်ပြီးနောက် မကွေးလေတပ်စခန်းဌာနချုပ် လေယာဉ်ကွင်းသို့ ပြန်လာစဉ် ရာသီဥတု ရုတ်တရက်ဆိုးရွားမှုနှင့် ကြုံတွေ့ခဲ့ရပြီး ပျက်ကျခဲ့ခြင်းဟု ကနဦးစုံစမ်းစစ်ဆေးမှုများကို အခြေခံပြီး တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့သည်။

လေယာဉ်ပျံတစ်စင်းသည် မကွေးမြို့မှ တစ်ဖက်ကမ်း မင်းဘူးမြို့ ဆားဗွက်ချောင်းအတွင်း ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်မောင်းသေဆုံးခဲ့သည်။

အဆိုပါလေယာဉ်အပိုင်းအစထိမှန်ခဲ့သည့် အသက်၁၁နှစ်အရွယ် ကလေးငယ်သည် မင်းဘူးဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း မိနစ်ပိုင်းအတွင်း သေဆုံးသွားခဲ့သည်။

နောက်ထပ်လေယာဉ်ပျက်ကျမှုသည် မင်းဘူးမြောက်ဘက် သနပ်ပင်စုရွာအနီး ပျက်ကျခဲ့ခြင်းဖြစ်ပြီး အဆိုပါလေယာဉ်မောင်းနှင်သည့် လေသူရဲလည်း သေဆုံးသွားခဲ့ရသည်။

ယင်းမတော်တဆမှုသည် ခြောက်လတာကာလအတွင်း မြန်မာ့တပ်မတော်၏ F7 သုံးစင်းပျက်ကျခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၃ ရက်နံနက်ပိုင်းတွင်လည်း F7 အမျိုးအစား ဂျက်တိုက်လေယာဉ်သည် တောင်ငူမြို့ကျွန်းကုန်းအနီးတွင် ပျက်ကျခဲ့ပြီး လေယာဉ်မောင်း သေဆုံးခဲ့ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button