အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လူ ၂ ဦး သေဆုံးခဲ့သည့် ဆိုင်ကယ်နှင့်ပြိုင်ကားတိုက်မိမှုတွင် ယာဉ်မောင်းကို ထောင် ၉ နှစ်ချ

မန္တလေးမြို့၊ ကျုံးတောင်ဘက်ခြမ်းတွင် မီးပွိုင့်မီးနီသဖြင့် ရပ်စောင့်နေသည့် ဆိုင်ကယ်ကို ဝင်တိုက်မိခဲ့သည့် ပြိုင်ကားမောင်းသူအား ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် အောင်မြေသာစံမြို့နယ်တရားရုံးက ထောင်ဒဏ် ၉ နှစ် ချမှတ်လိုက်သည်။

ယာဉ်မောင်း သန်းထက်အောင်ကို ပေါ့လျော့ခြင်းဖြင့် လူသေစေမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) ဖြင့် ထောင်ဒဏ် ၇ နှစ်နှင့် အများပြည်သူဆိုင်ရာလမ်းပေါ်တွင် မဆင်မခြင်မောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ-၂၇၉ ဖြင့် ထောင်ဒဏ် ၂ နှစ် သီးခြားစီ ကျခံစေရန် ချမှတ်ခဲ့သည်။

ယခုချမှတ်လိုက်သည့် ထောင်ဒဏ်များမှာ အဆိုပါပုဒ်မများတွင် အမြင့်ဆုံးချမှတ်နိုင်သော ပြစ်ဒဏ်များလည်း ဖြစ်သည်။

“သေဆုံးသွားတဲ့ လူငယ်လေးနှစ်ယောက်ရဲ့ အသက်နှစ်ချောင်းအတွက် မျှတတဲ့ဆုံးဖြတ်ချက်လို့ ထင်ပါတယ်။ ကျေနပ်မှုရှိပါတယ်”ဟု သေဆုံးသူ မောင်လွင်မင်းသန့်၏ ဖခင် ဦးအောင်စိုးမင်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက Toyota Lexus Saloon အနီရောင် ပြိုင်ကားယာဉ်မောင်း သန်းထက်အောင်သည် မန္တလေးမြို့၊ ကျုံးတောင်ဘက် ၇၈လမ်းနှင့်၂၆လမ်းထောင့် မီးပွိုင့်တွင် ရပ်စောင့်နေသည့် ဆိုင်ကယ်ကို တိုက်မိခဲ့ပြီး ဆိုင်ကယ်ပေါ်ပါ လွင်မင်းသန့် (၂၃) နှစ် နှင့် ကျော်ဇင်သက် (၂၆) နှစ်တို့ သေဆုံးခဲ့သည်။

ဆိုင်ကယ်မှာ ပြိုင်ကားနှင့်အတူ ချိတ်ပါသွားကာ၂၆ လမ်း မြောက်ဘက်ရှိ မီးပွိုင့်ယာဉ်ထိန်းရဲ အဆောင်ကို ထပ်မံတိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းသူနှင့် သူ၏အဖော်တို့ သေဆုံးသွားခဲ့ကြောင်း Facebookတွင် ပျံ့နှံ့ခဲ့သည့် လုံခြုံရေးကင်မရာ CCTV ဖိုင်တွင် တွေ့ရသည်။

၎င်းကို တရားလို ရဲအုပ်သန်းဇော်ဦးက ရာဇသတ်ကြီးပုဒ်မ-၃၀၄(က) ဖြင့်လည်းကောင်း၊ တရားလို ရဲအုပ်စိုးဝင်းသန်းက ရာဇသတ်ကြီးပုဒ်မ-၂၇၉ ဖြင့်လည်းကောင်း တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉ အမှုနှင့်ပတ်သက်ပြီး တရားလိုပြသက်သေ ၁၃ ဦး ရုံးတင်စစ်ဆေးခဲ့ကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က အမှုနှင့် ပတ်သက်ပြီး တရားလိုပြသက်သေ ၂၂ ဦး တင်ထားသော်လည်း ၄ ဦးအား ပယ်ခဲ့ပြီး တစ်ဦးထပ်တိုးခဲ့သည့်အတွက် ၁၉ ဦးအား စစ်ဆေးခဲ့ကြောင်း တရားလိုရှေ့နေ ဦးရဲရင့်ဝေက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button