အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

AA ပြောခွင့်ရအရာရှိ ခိုင်သုခ၏ ယောက်ဖအပါအဝင် သုံးဦးကို သက်သေမခိုင်လုံ၍ တရားရှင်လွှတ်

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲဆိုခံထားရသော ရက္ခိုင့်တပ်တော်AA မှ ပြောခွင့်ရအရာရှိ ခိုင်သုခ၏ ယောက်ဖ ဦးမောင်ဖြူသန်းအပါအဝင် ဦးကို ကျောက်ဖြူခရိုင်တရားရုံးက သက်သေခိုင်လုံမှု မရှိသောကြောင့် ယမန်နေ့က တရားရှင်လွှတ်ပေးလိုက်ကြောင်း ရှေ့နေဦးထိန်လင်းက ယနေ့(အောက်တိုဘာ ၂၂ ရက်) ပြောသည်။

ယခုနှစ် ဇွန်လအတွင်းက အမ်းမြို့နယ်၊ ဓာတ်တော်ရွာအနီးတွင် တပ်မတော်စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဇူလိုင်လ ရက်တွင် ဓာတ်တော်ရွာသားများဖြစ်သည့် ဦးမောင်ဖြူသန်း၊ ဦးရဲဘော်သူ နှင့် ဦးစံအောင်ကျော်တို့ကို တပ်မတော်နှင့် အမ်းမြို့နယ်ရဲစခန်းတို့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ဦးကို အမ်းနယ်မြေခံတပ်ရင်း ခမရ ၃၇၃ မှ ဗိုလ်မှူးတင်အောင်လင်းက တရားလိုလုပ်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က) ၅၁() တို့ဖြင့် အမ်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်ဟု ရှေ့နေဦးထိန်လင်းက ပြောသည်။

၃ လကျော်ကြာ(ရုံးချိန်းပေါင်း ၁၁ ချိန်းခန့်)စစ်ဆေးပြီးနောက် စွဲချက်တင်၊မတင် ဆုံးဖြတ်ရာတွင် သက်သေမခိုင်လုံသည့်အတွက် တရားရှင်လွှတ်ရန် ခရိုင်တရားသူကြီး ဦးခင်မောင်ဌေးက ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တရားလိုသက်သေတွေဘက်က တင်သွင်းတဲ့ သက်သေတွေ၊ အချက်အလက်တွေက ဘာမှ ခိုင်လုံမှုမရှိဘူး၊ ဒီအတွက်ကြောင့်ပဲ လွှတ်လိုက်တာပေါ့ဟု ဦးထိန်လင်းက ပြောသည်။

ဦးမောင်ဖြူသန်းတို့ သုံးဦးလုံး ယနေ့နေ့လယ် ၁၂ နာရီခန့်တွင် ဓာတ်တော်ရွာသို့ ပြန်ရောက်ပြီဖြစ်ကြောင်း အတူလွတ်မြောက်လာသူ ဦးရဲဘော်သူက ပြောသည်။

ကျွန်တော်တို့က အစတည်းက အပြစ်မှမရှိတာ လွှတ်ပေးရမှာပေါ့၊ လယ်ပဲလုပ်စားကြတာ တခြားဘာမှမလုပ်ဘူးဟု ဦးရဲဘော်သူက ပြောသည်။

ယင်းအပြင် AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီ ကိုအောင်မြတ်ကျော်အပါအဝင် ဦးကိုလည်း ရဲတပ်ဖွဲ့က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် ဖမ်းဆီးကာ ရန်ကုန်မြို့ အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုထားသည်။

ထို့အပြင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ပြန်လာသည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက်ဖ ကိုကျော်နိုင်နှင့် ညီမ မမိုးနှင်းဖြူတို့ နှစ်ဦးကိုလည်း အောက်တိုဘာ ၁၉ ရက်နေ့က ရန်ကုန်လေဆိပ်တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button