
ကချင်ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးကွမ်ဂေါင်အောင်ခမ်းနှင့် တွေ့ဆုံခြင်း
——————-
၂၀၂၀ ရွေးကောက်ပွဲတွင် မဲမကွဲစေရေးအတွက် ကချင်နိုင်ငံရေးပါတီ ၃ ခုပူးပေါင်းကာ ကချင်ပြည်သူ့ပါတီ (Kachin State’s People Party )ကို တည်ထောင်လိုက်ပြီဖြစ်သည်။
ဦးကွမ်ဂေါင်အောင်ခမ်းမှာ ယင်းပါတီ၏ ဒုတိယဥက္ကဋ္ဌ ၂ ဖြစ်ပြီး ယင်းကချင် ၃ ပါတီ မပေါင်းစီးနိုင်ခင်က သူသည် ကချင်ပြည်နယ် ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌဖြစ်သည်။
၎င်းမှာ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မြစ်ကြီးနားခရိုင်ရှိ လစ်လပ်နေသည့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၂ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မဲအရေအတွက် ၁၉,၀၀၀ ကျော်နှင့် ဒုတိယမဲအများဆုံးရရှိကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကိုယ်စားလှယ် ဦးဆီဟူးဒွေ့ကို ရှုံးနိမ့်ခဲ့သည်။
အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်ယမ်ခေါန်ကို မဲအရေအတွက် အသာဖြင့် အနိုင်ရခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ရှုံးနိမ့်ခဲ့ခြင်းမှာ တပ်ကြိုတင်မဲကြောင့်ဟုဆိုကာ ဦးအောင်ခမ်းအပါအဝင် ကိုယ်စားလှယ်လောင်းများက စွပ်စွဲခဲ့ကြပြီး မဲရလဒ်ပုံစံ ၁၉တွင် လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သည်။
ယင်းပြဿနာများအတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မည်သို့ကြိုတင် ပြင်ဆင်ထားသည်ကို သိရှိနိုင်ရန် Myanmar Now က ဦးကွမ်ဂေါင်အောင်ခမ်းနှင့် တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။
[youtube https://youtu.be/MPoYj1WjYVo]