အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင်မြောက်ပိုင်း အင်တာနက်ဖြတ်တောက်မှု ဝယ်ယူထားသော ဒေတာများ အစားပြန်ပေးမည်

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့် မြို့နယ်များ၌ အင်တာနက် ပြန်လည်သုံးစွဲခွင့်ပြုသည့်အချိန်တွင် ဝယ်ယူထားသည့် ဒေတာများ ဆုံးရှုံးမှုမရှိအောင် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးအော်ပရေတာ နှစ်ခုဖြစ်သည့် MPT နှင့် mytel တို့က ပြောသည်။

မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး အော်ပရေတာ ၄ ခုဖြစ်သည့် MPT၊ Telenor၊ Ooredoo နှင့် mytel တို့က ရန်ကုန်မြို့ Pullman Hotel တွင် ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံ ၈ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် စုစုပေါင်း ၉ မြို့နယ်တွင် မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုကို ဇွန်လ ၂၁ ရက်နေ့က စတင်ဖြတ်တောက်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် မြေပုံမြို့နယ်တို့မှာ သြဂုတ် ၃၁ ရက်က အင်တာနက် ပြန်လည်ရရှိခဲ့သော်လည်း ကျန်မြို့နယ်များဖြစ်သည့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့တို့မှာတော့ ယနေ့အထိ အင်တာနက် မရရှိသေးပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အင်တာနက် ဖြတ်တောက်ခံရသည့် ရခိုင်ပြည်နယ်ရှိသုံးစွဲသူများကို အတတ်နိုင်ဆုံး နစ်နာမှုမရှိအောင် လုပ်ဆောင်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) ဥပဒေရေးရာနှင့် ညှိနှိုင်းရေးရာဌာနမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးမိုးသူရက ပြောသည်။

“ ၅ မြို့နယ်က သုံးစွဲသူတွေကို သက်တမ်းက ရက် ၃၀ ကျန်ရင် ရက် ၃၀ သုံးလို့ရအောင် ဆောင်ရွက်ပေးပြီးဖြစ်သလို ကျန်တဲ့မြို့နယ်တွေကိုလည်း အဲဒီအတိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ် ” ဟု ဦးမိုးသူရက ပြောသည်။

ယင်းအပြင် mytel ကုမ္ပဏီမှ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးကလည်း ဒေတာဝန်ဆောင်မှုများ ပြန်ရချိန်တွင် သတ်မှတ်ကာလအတိုင်း ပြန်ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

အင်တာနက်ဖြတ်တောက်ခြင်းမှာ ရခိုင်ပြည်နယ်အတွင်း တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများကို မသိရှိနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံတချို့က မှတ်ချက်ပြုခဲ့ကြသည်။

သို့သော် အင်တာနက်လိုင်း ဖြတ်တောက်ခြင်းသည် တပ်မတော်နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဇွန် ၂၂ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေရှင်းထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button