အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

ဆူဒန်အာဏာရှင်ဟောင်းကို ၎င်း၏သစ္စာတော်ခံ ခရိုနီများက ထောင်ဖောက်ကယ်တင်ရန် ကြိုးပမ်း

အဂတိလိုက်စားမှုများဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဆူဒန်အာဏာရှင်ဟောင်း အိုမာအယ်လ်ဘရှီယာကို မြို့တော်ခါသွန်းရှိ တရားရုံးတော်တွင် အမှုစစ်ဆေးမှုမပြုလုပ်မီ ၎င်း၏သစ္စာတော်ခံ ခရိုနီများက ထောင်ဖောက်ကယ်ထုတ်ရန် ကြိုးပမ်းခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

ဆူဒန်နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများနှင့် မတည်မငြိမ်မှုများ ဖြစ်ပေါ်လာပြီးနောက် လွန်ခဲ့သည့် လေးလက စစ်အာဏာသိမ်းမှုတွင် သမ္မတဟောင်း အိုမာအယ်လ်ဘရှီယာကို ရာထူးမှဖယ်ရှားကာ ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။

အသက် ၇၄ နှစ်အရွယ်ရှိ အိုမာအယ်လ်ဘရှီယာ၏ သစ္စာတော်ခံ ခရိုနီများသည် ခါသွန်းမြို့ရှိ နာမည်ကျော် ခိုဘာအကျဉ်းထောင်ကို ဖောက်ရန် ပြီးခဲ့သည့် ဇွန်လအတွင်းက ကြိုးပမ်းခဲ့ကြောင်း ဆူဒန်ရဲတပ်ဖွဲ့၏ အစီရင်ခံချက်တွင် ဖော်ပြထားပြီး အဆိုပါအစီရင်ခံစာကို CNN သတင်းဌာနက ဖတ်ရှုခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ထိုသို့ ထောင်ဖောက်ရန်ကြိုးပမ်းမှုတွင် ပါဝင်ပတ်သက်သူများ မည်သူမည်ဝါဖြစ်သည်ကို အတိအကျ ရေးသားထားခြင်းမရှိသလို ယင်းကိစ္စနှင့်ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ မည်မျှရှိသည်ဆိုသည်ကိုလည်း ဖော်ပြထားခြင်းမရှိပေ

ယင်းထောင်ဖောက်ရန် ကြိုးပမ်းမှုကြီးတွင် ၎င်းပါဝင်ပတ်သက်မှု မရှိခဲ့ဟု သမ္မတဟောင်း အိုမာအယ်လ်ဘရှီယာ၏ ရှေ့နေဖြစ်သူက CNN သို့ ပြောကြားသည်။

သူ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပြီးကတည်းက ကျွန်တော် သူနဲ့ နှစ်ကြိမ်တွေ့ပြီးပြီ၊ အဲဒီထောင်ဖောက်မှုဆိုတဲ့ ကိစ္စနဲ့တ်သက်ပြီး ဘာမှမပြောပါဘူး၊ အာဏာပိုင်တွေဘက်ကလည်း အိုမာအယ်လ်ဘရှီယာ ပါဝင်ပတ်သက်ခဲ့ပါတယ်လို့ စွပ်စွဲပြောဆိုတာ မရှိပါဘူး ဟု

 

ရှေ့နေဖြစ်သူ ဟတ်ဆန်အဘူဘာကာအယ်လ်ဂါလေက ပြောကြားသည်။

ဖမ်းဆီးခံထားရသော အိုမာအယ်လ်ဘရှီယာ လွတ်မြောက်ရန် ထောင်ဖောက်ခဲ့သည်ဆိုသောကိစ္စ ဖြစ်ပေါ်ပြီးကတည်းက ၎င်းနှင့်အနီးတစ်ဝိုက်တွင် လုံခြုံရေးများ အထူးတိုးမြှင့်ထားခဲ့သည်ကို တွေ့ရကြောင်း ယင်းသတင်းဌာနက ဖော်ပြသည်။

တနင်္လာနေ့က တရားရုံးတော်တွင် ၎င်း၏အမှုအား ကြားနာစစ်ဆေးခဲ့ရာ တရားရုံးအနီးတစ်ဝိုက်တွင် လက်နက်တပ်ဆင်ထားသော စစ်သုံးယာဉ်များဖြင့် စောင့်ကြပ်ခဲ့သည်။

နှစ်နာရီခန့်ကြာမြင့်သော တရားရုံးတော်ကြားနာမှုတွင် အိုမာအယ်လ်ဘရှီယာက စွဲချက်များနှင့်ပတ်သက်၍ ကျူးလွန်ခဲ့ခြင်းမရှိပါကြောင်း ပြောကြားခဲ့သည်။

နိုင်ငံခြားမှငွေကြေးများ လက်ဝယ်ထားရှိမှု၊ အဂတိလိုက်စားမှု၊ တံစိုးလက်ဆောင်များ တရားမဝင်ရယူမှုတို့ဖြင့် ၎င်းကို တရားစွဲဆိုထားခြင်းဖြစ်သည်။

Credit: CNN

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button