နိုင်ငံတကာသတင်းသတင်း

ဆူဒန်တွင် အာဏာသိမ်းစစ်တပ်ကို ထပ်မံဆန္ဒပြရာတွင် ရဲတပ်ဖွဲ့နှိမ်နင်း၍ ၇ ဦးသေ၊ ၁၈၀ ကျော် ဒဏ်ရာရ

ဆူဒန်နိုင်ငံတွင် အာဏာသိမ်းထားသော စစ်ဗိုလ်ချုပ်ကြီးများအနေနှင့် အရပ်သားဦးဆောင်သည့် အစိုးရအဖွဲ့ထံသို့ အာဏာလွှဲပြောင်းပေးရေးအတွက် ထောင်ပေါင်းများစွာသော ပြည်သူများက ဆန္ဒပြပွဲများကို ပြန်လည်စတင်လိုက်ပြီဖြစ်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။

မြို့တော်ခါတိုအွန်မှလာသော သတင်းများအရ ယခုတစ်ကြိမ် တနင်္ဂနွေနေ့က ဆူဒန်ပြည်သူများ ဆန္ဒပြပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုကြောင့် အနည်းဆုံး ဆန္ဒပြသူ ဦး သေဆုံးပြီး ၁၈၀ ကျော်ခန့် ဒဏ်ရာရရှိသွားသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကလည်း အလားတူပင် စစ်တပ်ကိုဖိအားပေး ဆန္ဒပြမှုကြီး ပေါ်ပေါက်ခဲ့ပြီး ပစ်ခတ်နှိမ်နင်းမှုများကြောင့် လူပေါင်း ၁၀၀ ကျော်ခန့် သေဆုံးခဲ့ရပြီးဖြစ်သည်။ ယခုဆန္ဒပြပွဲသည် အဆိုပါဆန္ဒပြမှု ပြီးဆုံးသွားသည့်နောက်ပိုင်း အင်အားအများဆုံးပါဝင်သည်ဟု ဆိုသည်။

ယခုဆန္ဒပြပွဲကြီးတွင် ပါဝင်သူများ၏ အဆိုအရ ဆူဒန်နိုင်ငံတစ်ဝန်း အင်တာနက်ဖြတ်တောက်မှုများ ပြုလုပ်ထားသော်လည်း မြို့တော်ခါတိုအွန်၌ လူပေါင်း သန်းနှင့်ချီ၍ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

ဆန္ဒပြသူတွေက သူတို့ရဲ့တောင်းဆိုချက်တွေ ဖြစ်လာဖို့ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ ဆန္ဒပြပြည်သူတွေက စစ်တပ်နဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့တွေဟာ မျက်ရည်ယိုဗုံးတွေ အသုံးပြုတယ်၊ ကျည်ဆန်အစစ်တွေ၊ လက်ပစ်ဗုံးအတုတွေ သုံးပြီး လူစုခွဲဖို့လုပ်နေတယ် ဟု ဆူဒန်စစ်အစိုးရ၏ သတင်းရယူခွင့် ပိတ်ပင်ခံထားရသော Aljazeera သတင်းဌာနမှ သတင်းထောက် ဟီဘာမော်ဂန်က ပြောကြားသည်။

ဆူဒန်နိုင်ငံပိုင်သတင်းဌာန SUNA က ဆန္ဒပြပွဲတွင် လုံခြုံရေးတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းမှုကြောင့် သေဆုံးသူ ဦးရှိပြီး ၁၈၁ ဦးတိတိ ဒဏ်ရာရရှိသွားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြသည်။

စစ်အစိုးရဆန့်ကျင်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး ဆန္ဒပြပွဲကြီးကို ပံ့ပိုးပေးလျက်ရှိသည့် ဆူဒန်ဆရာဝန်များကော်မတီက ပထမပိုင်းတွင် လူ ဦး သေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

လူမှုကွန်ရက်ပေါ်တွင် တက်လာသော ဓာတ်ပုံများတွင် မြို့တော်ခါတိုအွန်၌ လုံခြုံရေးအထူးတိုးမြှင့်ထားပြီး စက်သေနတ်ကြီးများ တပ်ဆင်ထားသည့် စစ်သုံးယာဉ် အမြောက်အမြား သွားလာနေပုံများ ပါဝင်သည်။

ယခုဆန္ဒပြပွဲကို အဓိကဦးဆောင်သော ဆူဒန်ပရော်ဖက်ရှင်နယ်အဖွဲ့(SPA) က ကြေညာချက်ထုတ်ပြန်ရာတွင်ယနေ့သည် ဆူဒန်နိုင်ငံအတွက် ကျက်သရေမင်္ဂလာရှိသောနေ့ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဆန္ဒပြပွဲမှာ ပြည်သူအမြောက်အမြား ပါဝင်ခဲ့ခြင်းကြောင့်ဖြစ်ရုံမက အကြမ်းဖက်ဖြိုခွင်းမှုများကို အကြမ်းမဖက်ဘဲ ကြံ့ကြံ့ခံနိုင်ခဲ့၍ပင် ဖြစ်သည်ဟု ဖော်ပြသည်။

Aljazeera

Show More

Related Articles

Back to top button