အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

ဆူဒန်တွင် ဆန္ဒပြသူများကို စစ်တပ်က ပစ်ခတ်နှိမ်နင်း၊ သေဆုံးသူ ၆၀ နီးပါးရှိ

ဆူဒန်နိုင်ငံ၌ လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးမတည်မငြိမ်မှုကြီးတွင် ဆူဒန်စစ်တပ်ခေါင်းဆောင်များက ပင်မအတိုက်အခံ ညွန့်ပေါင်းအဖွဲ့နှင့် ရရှိထားသော သဘောတူညီချက်များအားလုံးကို ဖျက်သိမ်းလိုက်ပြီး ကိုးလအတွင်း ရွေးကောက်ပွဲကျင်းပပေးမည်ဟု ကြေညာလိုက်သည်။

ဆူဒန်၏ မြို့တော် ခါသွန်းတွင် ဆန္ဒပြသူများကို အကြမ်းဖက်တိုက်ခိုက်မှုကြောင့် စစ်တပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းထန်စွာ ဝေဖန်ရှုတ်ချနေစဉ် အဆိုပါကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆူဒန်စစ်တပ်၏ ပစ်ခတ်နှိမ်နင်းမှုများကြောင့် သေဆုံးသွားသော ဆန္ဒပြသူဦးရေမှာ ၆၀ ထိ ရှိလာသည်ဟု အတိုက်အခံဆရာဝန်များအဖွဲ့က ဆိုသည်။

တပ်ဖွဲ့ဝင်များသည် ခါသွန်းမြို့ထဲသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာပြီး လက်နက်မဲ့ဆန္ဒပြသူများကို ပစ်ခတ်နှိမ်နင်းလျက်ရှိသည်။

ကုလသမဂ္ဂတွင် ဗြိတိန်နှင့် ဂျာမနီတို့က ဆူဒန်စစ်တပ်အနေနှင့် နိုင်ငံရေးအကျပ်အတည်းများအတွက် အဖြေရှာရေး ဖိအားပေး တိုက်တွန်းရန် ကြိုးပမ်းသော်လည်း တရုတ်နိုင်ငံက ဟန့်တားကန့်ကွက်ခဲ့သည်။

ဆူဒန်ဆန္ဒပြသူများမှာ ပြီးခဲ့သည့် ဧပြီလ ရက်နေ့မှစ၍ ဆူဒန်စစ်ဌာနချုပ် အရှေ့ဘက်ရှိ ရင်ပြင်တွင် တပ်စွဲကာ ဆန္ဒပြခဲ့ကြသည်။ ၎င်းတို့သည် ဆူဒန်ကို နှစ်ပေါင်း ၃၀ ကြာမျှ အုပ်ချုပ်ခဲ့သည့် သမ္မတအိုမာအယ်လ်ဘာရှား ရာထူးမှ ဖယ်ရှားမခံရမီ ငါးရက်အလိုကတည်းက စတင်ဆန္ဒပြခဲ့ကြခြင်းလည်း ဖြစ်သည်။

ယင်းနောက် နိုင်ငံတော်အာဏာကို ဆူဒန်တပ်မတော် နိုင်ငံရေးအသွင် ကူးပြောင်းရေးကောင်စီ(TMC) က ထိန်းချုပ်ထားခဲ့သည်။ သမ္မတရာထူးမှ ဖယ်ရှားပြီးနောက် ကြားကာလထဲတွင် အတိုက်အခံကိုယ်စားလှယ်များနှင့် TMC တို့အကြား သဘောတူညီချက်တစ်ရပ် ရရှိခဲ့သည်။ ယင်းမှာ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို သုံးနှစ်အတွင်း အကောင်အထည်ဖော်ပြီး ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပရန်ဖြစ်သည်။

သို့သော် ဇွန်လ ရက်(တနင်္လာနေ့)မှစ၍ စစ်တပ်က ရင်ပြင်ရှိ ဆန္ဒပြအင်အားစုများကို အင်အားသုံး ဖယ်ရှားခဲ့ရာ ဖမ်းဆီးထိန်းသိမ်းမှုများနှင့် ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Credit – BBC

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button