အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမှု ၃ ခုဖြင့် တရားရင်ဆိုင်ခဲ့ရသည့် ကလေးစစ်သားဟောင်း အမှု ၁ ခုမှ အပြီးသတ်လွတ်

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးအား နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် အက်ဥပဒေ ပုဒ်မ ၇ အရ တရားစွဲဆိုထားမှုတွင် ပြစ်မှု မထင်ရှားသဖြင့် အမှုမှ အပြီးအပြတ်လွှတ်ရန် ရန်ကုန် ဗိုလ်တထောင်မြို့နယ် တရားရုံးက ယနေ့အမိန့်ချလိုက်သည်။

အဆိုပါဆုံးဖြတ်ချက်ကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်၊ တရားရုံးမထီမဲ့မြင်ပြုလုပ်မှုဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ခံထားရသည့် ကလေးစစ်သားဟောင်းသည် နောက်ထပ်တစ်ကြိမ် ထောင်ဒဏ် အပြစ်ပေးခံရမည့် အရေးမှ ကင်းလွတ်ခဲ့သည်။

တရားလို ရဲတပ်ဖွဲ့ဘက်မှ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကို ခြေထောက်ဖြင့် နင်းသည်ဟု စွပ်စွဲထားရာတွင် ကိုအောင်ကိုထွေးကိုယ်တိုင် နင်းခဲ့ကြောင်း မထင်ရှားသလို အမှန်တကယ် နင်းခဲ့သည့်တိုင်အောင် မရိုးဖြောင့်သောသဘောဖြင့် ပြုလုပ်မည်မဟုတ်ဟု တရားသူကြီးက တရားခွင်အတွင်းသုံးသပ်သည်။

ကိုအောင်ကိုထွေးသည် ၂ဝဝ၈ ခုနှစ်၊ အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသားဘဝတွင် အိမ်နီးချင်းတစ်ဦးနှင့်အတူ ပျဉ်းမနားသို့ အဖော်လိုက်သွားပြီး အပြန် ရန်ကုန်ဘူတာကြီးတွင် စစ်သားစုဆောင်းရေးတပ်မှ တပ်ကြပ်ကြီးတစ်ဦးက ခေါ်ဆောင်သွားရာမှ မိသားစုနှင့် အဆက်အသွယ်ပြတ်သွားခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အသက် ၂၆ နှစ်အရွယ်တွင် တပ်မှပြန်လွတ်လာပြီး ရန်ကုန်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် အစ်မဖြစ်သူနှင့် နေထိုင်စဉ် ၎င်း၏ ဘဝဖြစ်စဉ်ကို RFA သတင်းဌာနက ၂၀၁၇ သြဂုတ်လ ၁ဝ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည်။

အဆိုပါ အင်တာဗျူး ထုတ်လွှင့်ပြီး ၈ ရက်အကြာတွင် ကိုအောင်ကိုထွေး အဖမ်းခံလိုက်ရသည်။

ယင်းနောက်ကိုအောင်ကိုထွေးသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသည်။

ယင်းအမှု ကြားနာစစ်ဆေးစဉ် တရားရုံး၏ စစ်ဆေးမှု မျှတခြင်းမရှိဟု ဆိုပြီး သပိတ်မှောက်ရာ တရားရုံးမထီမဲ့မြင်မှု ပုဒ်မ ၂၂၈ အရ ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရသည်။

ပုဒ်မ ၅၀၅(ခ) အမှု စီရင်ချက်ချသည့်နေ့တွင် ၎င်းနှင့် ဝန်းရံသူများက တရားရုံးရှေ့တွင် ဆန္ဒပြစဉ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို မြေသို့ချကာ ခြေထောက်ဖြင့် တက်နင်းခဲ့သည်ဟု ဆိုကာ နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်ဥပဒေ ပုဒ်မ ၇ ဖြင့် တရားစွဲခံရခြင်းဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button