သတင်း

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၏ အစ်မအပါအဝင် ၃ ဦးကို ထောင်ဒဏ်အသီးသီးချမှတ်

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးအမှုကို ဝန်းရံရာမှ တရားစွဲခံထားရသည့် ကိုအောင်ကိုထွေး၏ အစ်မအပါအဝင် ၃ ဦးကို ထောင်ဒဏ်အသီးသီးကျခံစေရန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တရားရုံးက ယနေ့ အမိန့်ချလိုက်သည်။

ကိုအောင်ကိုထွေး၏ အစ်မ မနေဇာထွန်းကို ထောင်ဒဏ်တစ်နှစ်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးကို ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လစီ အသီးသီး ကျခံစေရန် ယနေ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

မနေဇာထွန်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ ()ဖြင့် ထောင်ဒဏ် ()နှစ်၊ ရုန်းရင်းဆန်ခတ်ဖြစ်ရန် ဖန်တီးမှုပုဒ်မ ၁၅၃ ဖြင့် ထောင်ဒဏ် တစ်ပေါင်းတည်း ကျခံစေရန် ချမှတ်ခြင်း ဖြစ်သည်။

မခင်ချိုနိုင်နှင့် ကိုဇော်မြင့်တို့ကို အထက်ပါပုဒ်မနှစ်ခုအတွက် ပြစ်ဒဏ်အပြင် နိုင်ငံတော်အထိမ်းအမှတ် တံဆိပ် ဉပဒေ ပုဒ်မ ၇ အတွက် ထောင်ဒဏ် ထပ်မံချမှတ်ခံရသဖြင့် စုစုပေါင်း တစ်နှစ်နှင့် ခြောက်လ ကျခံစေရန် အမိန့်ချလိုက်ခြင်းဖြစ်သည်။

၎င်းတို့အား တရားရင်ဆိုင်စဉ် ချုပ်ရက်ကို ထုတ်နုတ် ခံစားခွင့် ပြုသဖြင့် ထောင်ဒဏ်အမိန့်မှ ခြောက်လကျော်ခန့်ကို ချုပ်ရက်နုတ်ရမည် ဖြစ်သည်။

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို တပ်မတော်က တရားစွဲရာတွင် ဝန်းရံခဲ့သည့် ကိုနောင်နောင်နှင့် ဒေါ်လေးလေးတို့ကိုလည်း နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်ရန် ဖန်တီးမှုဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် တရားရုံးတွင် တရားစွဲခံထားရပြီး စက်တင်ဘာလ ၁၁ ရက်က ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့သည်။

၂၀၀၅ ခုနှစ် အသက် ၁၄ နှစ်အရွယ်တွင် နေပြည်တော်မှအပြန် ရန်ကုန်ဘူတာကြီး၌ ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရသည့်အကြောင်းနှင့် အတွေ့အကြုံများကို လွတ်လပ်သော အာရှအသံ (RFA) မြန်မာပိုင်းကို ၂၀၁၇ ဩဂုတ်လ ၁၈ ရက်က ဖြေကြားခဲ့သည့်အတွက် ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင်က ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးတွင် ယင်းလမှာပင် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်မတ်လ ၂၈ ရက်တွင် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံရသည်။

ပုဒ်မ ၅၀၅ ()အတွက် တရားရင်ဆိုင်ချိန်အတွင်း ဒဂုံဆိပ်ကမ်းမြို့နယ် တရားသူကြီးကိုနွားတရားသူကြီးဟု ကိုအောင်ကိုထွေးက တရားရုံးလျှောက်လမ်းတွင် အော်ဟစ်ပြောဆိုခဲ့ရာ တရားစီရင်မှုဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းအား တမင်စော်ကားခြင်း၊ သို့တည်းမဟုတ် ဝင်ရောက်နှောင့်ယှက်ခြင်း ပုဒ်မ ၂၂၈ ဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်၌ ယင်းမြို့နယ်တရားရုံးကပင် အလုပ်မဲ့ ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့ သည်။

ကိုအောင်ကိုထွေးမှာ ယခုနှစ် စက်တင်ဘာလဆန်းတွင် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။

ယင်းအမှုကို အောင်ကိုထွေး၏ အစ်မဖြစ်သူ မနေဇာထွန်းနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများက ဝန်းရံရာတွင် နိုင်ငံတော်ကို အကြည်ညိုပျက်စေသည်၊ ရုန်းရင်းဆန်ခတ်ဖြစ်ရန် ဖန်တီးသည်၊ ဖွဲ့စည်းပုံအခြေခံဉပဒေစာအုပ်ကို ခြေဖြင့် နင်းသည်ဆိုကာ ပုဒ်မ ၅၀၅() ၁၅၃၊ ပုဒ်မ တို့ဖြင့် အသီးသီး တရားစွဲခံရခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button