အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မီးနီစောင့်ဆိုင်ကယ်ကို တိုက်မိသည့် ပြိုင်ကားယာဉ်မောင်းကို လူသေမှုဖြင့် စွဲချက်တင်

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက မန္တလေးမြို့ ကျုံးတောင်ဘက်ခြမ်းတွင် မီးပွိုင့်မီးနီသဖြင့် ရပ်စောင့်နေသည့် ဆိုင်ကယ်ကို ဝင်တိုက်မိခဲ့သည့် ပြိုင်ကားမောင်းသူအား ပေါ့လျော့ခြင်းဖြင့်လူသေမှုဖြင့် စွဲချက်တင်ရန် အောင်မြေသာစံမြို့နယ်တရားရုံးက ယနေ့တွင် ဆုံးဖြတ်လိုက်သည်။

Toyota Lexus Saloon အနီရောင် ပြိုင်ကားယာဉ်မောင်း သန်းထက်အောင်သည် မန္တလေးမြို့ ကျုံးတောင်ဘက် ၇၈လမ်းနှင့်၂၆လမ်းထောင့် မီးပွိုင့်တွင် ရပ်စောင့်နေသည့် ဆိုင်ကယ်ကို တိုက်မိခဲ့ပြီး ဆိုင်ကယ်ပေါ်ပါ  လူ ဦး သေဆုံးခဲ့မှုအတွက် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

Facebookတွင် ပျံ့နှံ့ခဲ့သည့် အခင်းဖြစ်ပွားချိန်တွင် ရိုက်ကူးထားသည့် လုံခြုံရေးကင်မရာ CCTV ရုပ်ပုံများတွင် ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မှာ ယာဉ်နှင့်အတူ ချိတ်ပါသွားကာ ၂၆လမ်းမြောက်ဘက်ရှိ ယာဉ်ထိန်းရဲ မီးပွိုင့်အဆောက်အအုံအား ထပ်မံတိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းသူနှင့် သူ၏အဖော်တို့ သေဆုံးသွားခဲ့သည်။

ပေါ့လျော့ခြင်းဖြင့်လူသေစေမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) သည်  ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် နှစ်နှင့် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ယာဉ်မောင်း သန်းထက်အောင်သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် နှစ်နှင့် ငွေဒဏ်လည်း  ချမှတ်နိုင်သည့် အများပြည်သူဆိုင်ရာလမ်းပေါ်တွင် မဆင်မခြင်မောင်းနှင်မှု  ရာဇသတ်ကြီးပုဒ်မ၂၇၉ နှင့်လည်း တရားရင်ဆိုင်နေရသည်။

ဒီနေ့ ရုံးတော်ကနေပြီးတော့မှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ကနဲ့ စွဲချက်အမိန့်ချလိုက်တယ်၊ ဒီပုဒ်မအရ ထောင်ဒဏ် နှစ် အနည်းဆုံးထိုက်သင့်တဲ့ ပြစ်မှုကို ကျူးလွန်တာဖြစ်တယ်လို့ ထင်မြင်ယူဆတဲ့အတွက် စွဲချက်တင်လိုက်တယ် ဟု တရားလိုရှေ့နေ ဦးရဲရင့်ဝေက ပြောသည်။

ထိုဖြစ်စဉ်ကြောင့် အောင်မြေသာစံမြို့နယ် တရားရုံးသို့ တရားလိုဖြစ်သူ ရဲအုပ်သန်းဇော်ဦးက ရာဇသတ်ကြီးပုဒ်မ၃၀၄(က)ဖြင့်လည်းကောင်း၊ တရားလိုဖြစ်သူ ရဲအုပ်စိုးဝင်းသန်းက ရာဇသတ်ကြီးပုဒ်မ၂၇၉ဖြင့်လည်းကောင်း တရားစွဲဆိုခဲ့သည်။

တရားလိုနဲ့ တရားလိုပြသက်သေတွေကို စစ်ပါတယ်၊ စစ်တဲ့အခါမှာ တရားစစွဲတယ်ဆိုကတည်းက တရားစွဲဆိုအဖွဲ့အစည်းက ၃၀၄က အရ ပုဒ်မတက်လာပါတယ်၊ တက်လာတဲ့အပေါ်မှာ တရားလိုနဲ့ တရားလိုပြသက်သေတွေရဲ့ စစ်ဆေးပေါ်ပေါက်ချက်အရ ဒီပုဒ်မနဲ့ ဖြေရှင်းစေသင့်တယ်၊ ငြိစွန်းတဲ့အချက်တွေ ပေါ်ပေါက်တယ်လို့ ကျင့်ထုံးအရ တွေ့ရှိရလို့ စွဲချက်တင်တာပဲ ဖြစ်ပါတယ် ဟု  အောင်မြေသာစံမြို့နယ်တရားရုံးမှ သတင်းပြန်ကြားရေးအရာရှိ ဒေါ်မြင့်မြင့်ချစ်ကျော်က ပြောသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉ အမှုနှင့်ပတ်သက်ပြီး တရားလိုပြသက်သေ ၁၃ ဦး ရုံးတင်စစ်ဆေးခဲ့ကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄က အမှုနှင့် ပတ်သက်ပြီး တရားလိုပြသက်သေ ၂၂ ဦး တင်ထားသော်လည်း ဦးအား ပယ်ခဲ့ပြီး တစ်ဦးထပ်တိုးခဲ့သည့်အတွက် ၁၉ ဦးအား စစ်ဆေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

လာမည့်ရုံးချိန်းအား ဩဂုတ်လ ၁၂ ရက်နေ့သို့ ထပ်မံချိန်းဆိုထားပြီး သန်းထက်အောင်အား ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button