အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

၂၀၀၃ မှစ၍ ရပ်ဆိုင်းထားခဲ့သော သေဒဏ်ပေးခြင်းကို အမေရိကန်က ပြန်လည်စတင်မည်

အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်အစိုးရအနေနှင့် သေဒဏ်ကျခံရသော အကျဉ်းသားများအား ကွပ်မျက်သတ်ဖြတ်မှုကို ၁၆ နှစ်အကြာတွင် ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း အမေရိကန်တရားရေးဌာနက ကြေညာချက်ထုတ်ပြန်သည်။

အမေရိကန်ရှေ့နေချုပ် ဝီလျံဘားက ကြေညာချက်ထုတ်ပြန်ရာတွင် အကျဉ်းထောင်များဆိုင်ရာဗျူရို (BOP) အနေဖြင့် သေဒဏ်အမိန့်ချမှတ်ခံထားရသော အကျဉ်းသားငါးဦးကို ကွပ်မျက်သတ်ဖြတ်ရန် ညွှန်ကြားလိုက်ကြောင်း ဖော်ပြသည်။

အဆိုပါ အကျဉ်းသားငါးဦးသည် ကလေးသူငယ်များကို မုဒိမ်းကျင့်မှု သို့မဟုတ် လူသတ်မှုများဖြင့် သေဒဏ်အမိန့် ချမှတ်ခံထားရခြင်းဖြစ်သည်။

ယင်းသေဒဏ်ချမှတ်ခံထားရသူများအား ကွပ်မျက်မည့်အစီအစဉ်ကို လာမည့် ဒီဇင်ဘာလနှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတို့တွင် ပြုလုပ်မည်ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ပါတီနှစ်ရပ်၏ စီမံအုပ်ချုပ်မှုအောက်တွင်ရှိသော အမေရိကန်တရားရေးဌာနအနေဖြင့် အဆိုးရွားဆုံးသော ရာဇဝတ်ကောင်များကို သေဒဏ်ပေးနိုင်ရန် ကြိုးပမ်းခဲ့သည်။ တရားရေးဌာနအနေဖြင့် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းထားသည်။ ပြစ်မှုကျူးလွန်သူများအတွက် ကျွန်ုပ်တို့၏ တရားမျှတသော ဥပဒေစနစ်က ချမှတ်သည့် ပြစ်ဒဏ်များရှိသည်ဆိုသောအချက်ကို မတရားပြုကျင့်ခံခဲ့ရသူများနှင့် ၎င်းတို့၏ မိသားစုများထံ အသိပေးရန်လည်း ကျွန်ုပ်တို့တွင် တာဝန်ရှိနေပေသည်” ဟု ရှေ့နေချုပ်က ဆိုသည်။

ရှေ့နေချုပ် ဝီလျံဘား၏ ကြေညာချက်ကြောင့် ၂၀၀၃ ခုနှစ်မှစ၍ တရားဝင်ကြေညာချက်မထုတ်ပြန်ဘဲ ဆိုင်းငံ့ထားခဲ့သော ဖက်ဒရယ်သေဒဏ်ပေးမှုများ ပြန်လည်စတင် သက်ဝင်တော့မည်ဖြစ်သည်။

၂၀၀၃ ခုနှစ်က နောက်ဆုံး သေဒဏ်ပေးကွပ်မျက်ခံခဲ့ရသူမှာ ပင်လယ်ကွေ့စစ်ပြန်ဟောင်း အသက် ၅၃ နှစ်အရွယ်ရှိ လူးဝစ်ဂျုံးဖြစ်ပြီး အသက် ၁၉ နှစ်အရွယ် တပ်သား ထရေစီဂျိုးဘာဒီကို သတ်ဖြတ်ခဲ့ခြင်းကြောင့် သေဒဏ်ပေးခံရခြင်းဖြစ်သည်။

သေဒဏ်ချမှတ်မှုဆိုင်ရာ သတင်းထုတ်ပြန်ရေးစင်တာ (DPIC) မှ ရောဘတ်ဒွန်ဟမ်က ယခုကြေညာချက်သည် အထူးအဆန်းကိစ္စမဟုတ်ဟု ပြောသည်။

“သမ္မတထရမ့်ဟာ အဲဒီလိုပြစ်ဒဏ်ပေးမှုမျိုးကို ထောက်ခံတဲ့ အမာခံပုဂ္ဂိုလ်တစ်ဦးပါ။ နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့် မူးယစ်ဆေးဝါးရောင်းချတဲ့သူတွေ၊ လူသတ်မှုကျူးလွန်တဲ့သူတွေအားလုံးကို အကြီးဆုံးသော ပြစ်ဒဏ်ပေးဖို့ အဆိုပြုထားတာပါ” ဟု ဒွန်ဟမ်က ပြောသည်။

BBC

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles