အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဝရမ်းပြေး၊ သီလမရှိ ဘုန်းကြီးများကို ဆရာတော်လို့ မခေါ်သင့်ကြောင်း အစိုးရသတင်းထုတ်ပြန်

ဗုဒ္ဓဘာသာရဟန်းတော်များ စောင့်ထိန်းရသည့် သီလသိက္ခာပုဒ်များကို မစောင့်ထိန်းသည့် သီလကင်းမဲ့သည့်ဘုန်းကြီးများ၊ ရာဇဝတ်မှုများကျူးလွန်ပြီး ဝရမ်းပြေးဖြစ်နေသူများကို ဆရာတော်ဟု မခေါ်ထိုက်၊ ရဟန်းဟုလည်း မသတ်မှတ်ထိုက်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

ရဟန်းတို့ စောင့်ထိန်းရသည့် ၂၂၇ သွယ်သော သိက္ခာပုဒ်များကို စောင့်ထိန်းပြီး ရဟန်းသိက္ခာဝါ ၂၀ အထက်ရှိသူကို ဆရာတော်ဟု ခေါ်ထိုက်ပြီး၊ သီလသိက္ခာပုဒ်များကို  မျက်နှာပြောင်တိုက် ကျူးလွန်နေသော ဒုဿီလ (သီလမဲ့) သူအား ဆရာတော်ဟု မခေါ်ထိုက်ကြောင်း ယနေ့ထုတ်ပြန်သည့် ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

သာသနာ့တာဝန်များ ထမ်းဆောင်နေကြသော သံဃာတော်အရှင်သူမြတ်တို့အား ကြည်ညိုမှု၊ ရိုသေမှုသဘောတို့ဖြင့် ဆရာတော်ဟု သုံးနှုန်းထိုက်သော်လည်း သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးနှင့် မသက်ဆိုင်သော ရေးရာများတွင် ရှုပ်ထွေးအောင်လုပ်ဆောင်နေသူများကို ဆရာတော်ဟု ခေါ်ဆိုခြင်းသည် သာသနာတော်ကို  ညှိုးနွမ်းစေနိုင်ကြောင်းလည်း ထိုထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုထုတ်ပြန်ချက်သည် လတ်တလောတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က ဖြင့် တရားစွဲခံရပြီး ထွက်ပြေးနေသော ဦးဝီရသူအား ရည်ညွှန်းသည့်သဘောရှိသည်။ ၎င်းသည် သင်္ကန်းခြုံထားသဖြင့် သူ့အား ဆရာတော်ဦးဝီရသူဟု သတင်းမီဒီယာတချို့က ဆက်လက် သုံးနှုန်းနေကြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button