အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဩဝါဒခံယူစဉ် မလိုလားအပ်သည်များ မဖြစ်ပွားစေချင်သဖြင့် ဦးဝီရသူကို ဩဝါဒပေးမည့်အစီအစဉ် ဆိုင်းငံ့ရဟုဆို

ဦးဝီရသူကို ဩဝါဒပေးရန် ဆိုင်းငံ့ရခြင်းမှာ ဩဝါဒခံယူရန် ဦးဝီရသူလာနေစဉ်၊ ပြန်နေစဉ်တွင် မလိုလားအပ်သည့် အရာများဖြစ်ပွားမည်ကို ဆရာတော်များက မလိုလားသောကြောင့်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက ပြောသည်။

ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ အစိုးရသက်တမ်း သုံးနှစ်ကာလအတွက် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

မကြာသေးမီက ဦးဝီရသူ၏ ရန်ကုန်မြို့ဟောပြောချက်များပါ အချက်များနှင့် ပတ်သက်ပြီး မေလ ၃၀ ရက်နေ့တွင် ဩဝါဒပေးရန် ရန်ကုန်တိုင်းသံဃာ့နာယကအဖွဲ့က ဦးဝီရသူကို ရန်ကုန်သို့ ခေါ်ထားခြင်းဖြစ်သည်။

သို့သော် ရွှေ့ဆိုင်းသည့် ကာလကိုမူ ပြောကြားခြင်း မရှိပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သံဃာ့ကိစ္စ သံဃာဆောင်ရွက် ဆိုသည့် မူဝါဒရှိသည့်အတွက် သာသနာရေးဦးစီးဌာနက တရားစွဲမည်မဟုတ်ဘဲ သံအဖွဲ့အစည်းအဆင့်ဆင့်ကသာ ဆောင်ရွက်မည်ဟု ၎င်းက ဆိုသည်။

ဩဝါဒပေး၍ မလိုက်နာလျှင် တရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆို၍ ရကြောင်းလည်း ဦးမြင့်ဦးက သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားသည်။

သို့သော် ဆရာတော် ဦးဝီရသူကို သာသနာရေးဦးစီးဌာနကလည်း သီးခြားတရားစွဲရန် အမှုတည်ဆောက်နေကြောင်း သာသနာရေးဦးစီးဌာနမှ ဒုမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက Myanmar Now ကို ယမန်နေ့က ဖြေကြားထားသည်။

အမျိုးဘာသာချစ်မြတ်နိုးသူ ဘုန်းကြီးနှင့် အရပ်သား ၅၀၀ ခန့်က ရွှေတိဂုံစေတီတော်ရင်ပြင်တွင် ဆရာတော်ဦးဝီရသူ ရန်သူမျိုးငါးပါးကင်းဝေးရေး ဒုတိယအကြိမ်ဆုတောင်းပွဲကို ယနေ့ပြုလုပ်ခဲ့ကြပြီး မနက်ဖြန်တွင် တတိယအကြိမ် ဆုတောင်းမည်ဟု ဦးဝီရသူထောက်ခံသူများ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းကိုကိုလတ်က ဆိုသည်။

ဦးဝီရသူကို ဝရမ်းပြေးဟု စွပ်စွဲပြောဆိုမှုများအပေါ် ဆရာတော်သည် ရန်ကုန်တိုင်းသံဃာ့နာယက ဆရာတော်များထံ ဩဝါဒခံယူရမည် ထင်၍ ရန်ကုန်သို့ ကြွလာခဲ့သော်လည်း ဩဝါဒခံယူမည့် အစီအစဉ်ကို ဆိုင်းငံ့လိုက်၍ ဆရာတော်အနေဖြင့် သီတင်းသုံးရာ မန္တလေးသို့လည်း ပြန်ကြွ၍ ရကြောင်း၊ ရန်ကုန်တွင် လုပ်စရာရှိသည်များကို လုပ်ကိုင်၍လည်းရကြောင်း၊ ဖမ်းရမည့်ကိစ္စမှာ ရဲတာဝန်သာဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရွှေတိဂုံစေတီတော်တွင် ဆုတောင်းခြင်းကို မနက်ဖြန်ထိ သုံးရက်ဆက်တိုက် ပြုလုပ်မည်ဖြစ်ပြီး ဆရာတော်ကလည်း သုံးရက်ကြာလျှင် ၎င်းတို့ထံ ဆက်သွယ်မည်ဟု ထင်မြင်ကြောင်း ဝင်းကိုကိုလတ်က ပြောဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button