အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

သီရိလင်္ကာတွင် မွတ်စလင်ဆန့်ကျင်ရေးလှုံ့ဆော်မှုများကြောင့် facebook နှင့် လူမှုကွန်ရက်များကို ခေတ္တပိတ်ထား

အီစတာပွဲတော်နေ့ အစ္စလာမ်မစ်အကြမ်းဖက်မှု ဖြစ်အပြီးနောက်ပိုင်းတွင် သီရိလင်္ကာနိုင်ငံ၌ ဗလီများကို ခဲဖြင့် ပေါက်ခြင်း၊ မွတ်စလင်ပိုင်ဆိုင်မှုများကို တိုက်ခိုက်ခြင်းတို့ဖြစ်နေရာ လှုံ့ဆော်မှုများကို တားမြစ်ရန်အတွက် facebook နှင့် WhatsApp အစရှိသော လူမှုကွန်ရက်များကို ယာယီပိတ်သိမ်းထားသည်ဟု အစိုးရက ကြေညာထားသည်။

ဒါဇင်ပေါင်းများစွာသော မွတ်စလင်မုန်းသူ သီရိလင်္ကာသားများက ဗလီများ၊ မွတ်စလင်ပိုင်ဈေးဆိုင်များကို ခဲများဖြင့် ပေါက်ခဲ့ကြောင်း ၊ ချီလော မြို့တွင်လည်း facebook ပေါ်က စခဲ့သော အငြင်းအခုန်ကြောင့် အမျိုးသားတစ်ဦး ရိုက်နှက်ခံခဲ့ရသည်ဟု Reuters သတင်းဌာနက သတင်းရင်းမြစ်များကို ကိုးကားဖော်ပြထားသည်။

အဗ္ဗဒူမာမစ်မိုဟာမက်ဟက်စ်မာ ဆိုသည့်အမည်ဖြင့် facebook အသုံးပြုသူတစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။ အသက်၃၈နှစ်အရွယ် facebook အသုံးပြုသူက “တစ်ရက်တော့ မင်းတို့ ငိုရလိမ့်မယ်” ဟု ရေးသားခဲ့ပြီး အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းဟု ဒေသခံများက သဘောပေါက်နားလည်ခဲ့ကြသည်။

ပြီးခဲ့သည့် တနင်္ဂနွေ နှင့် တနင်္လာနေ့ အစောပိုင်းကလည်း မွတ်စလင်ပိုင် စီးပွားရေးလုပ်ငန်းများကို တိုက်ခိုက်နေကြသော လူတစ်စုကို တာဝန်ရှိသူများက ဖမ်းဆီးလိုက်သည်ဟု ရဲတပ်ဖွဲ့ သတင်းရင်းမြစ်များက Reuters သတင်းဌာနကို ပြောကြားခဲ့သည်။

အဖမ်းခံရသူများကို ပြန်လွှတ်ပေးရန် ဗုဒ္ဓဘာသာများနေထိုင်သည့် ခရိုင်အတွင်းမှ ပြည်သူများက တောင်းဆို နေကြကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရ အရာရှိ ဆူမစ်အတာပတ္တူ က ပြောကြားသည်။

“လူအုပ်ကို ထိန်းသိမ်းဖို့အတွက် ညဘက် မထွက်ရအမိန့် ထုတ်ထားခဲ့ပါတယ်” ဟု အတာပတ္တူ က ပြောကြား ခဲ့သေးသည်။

ဗလီများနှင့် မွတ်စလင်အိမ်များစွာ ထိခိုက်ခဲ့ရကြောင်း သီရိလင်္ကာ မွတ်စလင်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

သို့သော် အပျက်အစီးပမာဏနှင့် ဖမ်းဆီးခံထားရသူများ အရေအတွက်ကို အတိအကျထုတ်ပြန်ထားခြင်း မရှိသေးပေ။

သီရိလင်္ကာ မွတ်စလင်အစွန်းရောက် စစ်သွေးကြွများက ဟိုတယ်လေးခုနှင့် ဘုရားကျောင်း သုံးခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လူ ၂၅၀ကျော်သေဆုံးခဲ့ပြီးနောက် မွတ်စလင်မလိုလားမှု စိတ်ဓာတ်များ ပြန်လည်ခေါင်းထောင် လာခြင်း ဖြစ်သည်။

တိုင်းပြည်အနှံ့ မွတ်စလင်များ ခြိမ်းခြောက်ခံရမှု၊ နှောင့်ယှက်ထိပါးခံရမှုများ ရှိနေကြောင်း မွတ်စလင်အစုအဖွဲ့များက ပြောကြားထုတ်ပြန်ထားသည်။

သတင်းအမှားများ၊ ကောလာဟလများ မပြန့်ပွားစေရန်အတွက် လူမှုကွန်ရက်မီဒီယာများကို ပိတ်သိမ်းမှုများ သီရိလင်္ကာအစိုးရသည် ယခင်က ပြုလုပ်ခဲ့ဖူး၏။

Credit : Straitstimes

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button