အွန်လိုင်း လိမ်လည်မှုဖြစ်တဲ့ ကျားဖြန့်လုပ်ငန်းတွေကို အရှေ့တောင်အာရှနိုင်ငံတွေက အပြင်းအထန် နှိမ်နင်းနေတာကြောင့် ဒီလုပ်ငန်းတွေဟာ တစ်နိုင်ငံကနေ တစ်နိုင်ငံကို ရွှေ့ပြောင်းနေကြရာမှာ အခုဆိုရင် သီရိလင်္ကာနိုင်ငံဟာ ဒီလုပ်ငန်းတွေရဲ့ အချက်အချာနေရာအသစ် ဖြစ်လာနေပြီလို့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။
တရုတ်လူမျိုးတွေ ဦးစီးနေတဲ့ ရာဇဝတ်ဂိုဏ်းတွေ သီရိလင်္ကာမှာ “စိုးရိမ်စရာကောင်းလောက်အောင်” မြင့်တက်လာရတဲ့ အကြောင်းရင်းကတော့ ဒီနိုင်ငံမှာ ပြည်ဝင်ခွင့် ဗီဇာလျှောက်ရလွယ်ကူတာ၊ ဖုန်း ဆင်းကတ် (SIM card) နဲ့ အင်တာနက်လိုင်းတွေကို စစ်ဆေးကန့်သတ်တာ သိပ်မရှိတာတွေကြောင့်လည်း ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက The Guardian သတင်းဌာနကို ပြောပါတယ်။
သီရိလင်္ကာနိုင်ငံဟာ ခရီးသွားဗီဇာနဲ့ အသစ်မိတ်ဆက်လိုက်တဲ့ အွန်လိုင်းကနေ အဝေးရောက် အလုပ်လုပ်သူများအတွက် “Digital Nomad” ဗီဇာတွေကို လျှောက်ရ လွယ်ကူသလို ဆင်းကတ်တွေနဲ့ အင်တာနက်လိုင်းတွေကို စစ်ဆေးကန့်သတ်တာ သိပ်မရှိဘဲ ရုံးခန်းနဲ့ ဟိုတယ်တွေကလည်း စျေးသက်သက်သာသာနဲ့ ငှားလို့ရနေပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



