နိုင်ငံတကာသတင်းသတင်း

တရုတ် – အမေရိကန် ကုန်သွယ်ရေးပဋိပက္ခကြောင့် ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှုကို ပြင်းထန်စွာထိခိုက်နိုင်ဟု IMF သတိပေး

တရုတ်- အမေရိကန် စီးပွားရေးအားပြိုင်မှုပဋိပက္ခသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအတွက် ခြိမ်းခြောက်မှုဖြစ်လာမည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က သတိပေးပြောကြားခဲ့သည်။

တရုတ်သွင်းကုန်များကို အမေရိကန်ဘက်က ထပ်ဆောင်းအခွန်များဖြင့် တင်းကျပ်တားဆီးမှုအသစ်များ ထွက်မလာခင် အချိန်ပိုင်းအလိုအထိ တရုတ်- အမေရိကန် ညှိနှိုင်းဆွေးနွေးသူများက ကုန်သွယ်ရေး သဘောတူညီချက် တစ်ရပ် ရရှိရန်အတွက် ညှိနှိုင်းကြလျက်ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။

နှစ်ဖက်ဆွေးနွေးရာတွင် သဘောတူညီချက် တစ်ရပ်ကို ရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ သို့သော် ရလဒ်ကို ပြန်လည်ညှိနှိုင်းရန် တရုတ်ဘက်က ကြိုးစားခဲ့သည်။

တရုတ်ကုန်ပစ္စည်းများကို ထပ်တိုးအခွန် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ဖိုးအထိ အမေရိကန် အစိုးရက မြှင့်တင်တော့မည် ဖြစ်ကာ တရုတ်က လက်စားပြန်ချေမည်ဟု ပြောထားသည်။

“ယခင်က ထောက်ပြခဲ့သည့်အတိုင်း အီလေးဆွဲနေသော ကုန်သွယ်ရေး ပဋိပက္ခသည် အားလုံးကို ဆုံးရှုံးစေပါမည်” ဟု ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး တည်ငြိမ်မှုကို ဖော်ဆောင်နေသည့် အဖွဲ့အစည်း IMF က ထုတ်ပြန်ထားသည်။ လျင်မြန်စွာ ဖြေရှင်းကြရန်လည်း ဆော်သြလိုက်သည်။

တရုတ်ဘက်က ညှိနှိုင်းသည့်အဖွဲ့ကို ဒုတိယဝန်ကြီးချုပ် လုဟီ က ဦးဆောင်ပြီး အမေရိကဘက်တွင် ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ်လိုက်သီဇာ နှင့် ဘဏ္ဍာရေးဝန်ကြီး စတီဗင်မနူချင်က ဦးဆောင်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ထံမှ လှပသော စာလေးတစ်စောင် ရရှိထားကာ မကြာခင် စကားပြောကြမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

တရုတ်အမေရိကန် ကုန်သွယ်ရေး မညီမျှမှုက အမေရိကန်ကုမ္ပဏီများ နစ်နာရသည်ဟု သမ္မတ ထရမ့်က ဒေါသတကြီး ဝေဖန်ပြောကြားလေ့ရှိခဲ့သည်။ လတ်တလော ဆွေးနွေးပွဲများ မဖြစ်ခင် ထရမ့်က တရုတ်သည် သဘောတူညီချက် ချိုးဖောက်သည်ဟု ပြောကြားဖူးသည်။

သောကြာနေ့တွင် အတည်ဖြစ်လာမည့် တရုတ်ထုတ်ကုန် ထပ်ဆောင်းအခွန်တိုးခြင်းသာမက တရုတ်ထုတ် သွင်းကုန်များကို နောက်ထပ် အမေရိကန်ဒေါ်လာ ၃၂၅ ဘီလျံဖိုး အခွန်တိုးဦးမည်ဟု အမေရိကန်သမ္မတက ဆိုထားသည်။

အမေရိကန်ပြည်ထောင်စုသို့ တရုတ်၏ ပို့ကုန်တန်ဖိုးသည် လတ်တလောတွင် တစ်နှစ်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၃၉ ဘီလျံဖိုး ရှိနေသည်။တရုတ်ဆီသို့ အမေရိကန်၏ ပို့ကုန်သည်ကား အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ ကျော်ရုံ ရှိသည်။

လိုအပ်သည့် တန်ပြန်ဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဟု တရုတ်က ပြန်လည်တုံ့ပြန်ထားသည်။ ကမ္ဘာ့ကုန်သွယ်ရေးလောကတွင် တရုတ်- အမေရိကန် စီးပွားရေးရန်ပွဲကိစ္စ စိုးရိမ်နေကြသည်။

Credit : BBC

Show More

Related Articles

Back to top button