အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါ်အောင်ဆန်းစုကြည် တရုတ်မှ ကမ္ဘောဒီးယားနိုင်ငံသို့ ဆက်လက်ထွက်ခွာမည်

တရုတ်နိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်  တရုတ်နိုင်ငံမြို႔တော် ဘေဂျင်းမှ ကမ္ဘောဒီးယားနိုင်ငံသို့ ၃ ရက်ကြာခရီး ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

ဧပြီလ ၂၉ရက်နေ့မှ မေလ ၁ရက်နေ့အထိ ကြာမြင့်မည့် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် သီဟာမုနိနှင့် ဘုရင့်နန်းတော်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ကမ္ဘာဒီးယားအစိုးရက ယနေ့ တရားဝင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌ၊ အောက်လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး ဝန်ကြီးချုပ် ဟွန်ဆန်နှင့်လည်း အပြန်အလှန်ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယားရှိ နာမည်ကျော်အန်ကောဝပ်ကျောင်းတော်နှင့် ဆိုင်ရိခရိုင်အတွင်းရှိ ဗုဒ္ဓဘာသာကျောင်းတော်များသို့ သွားရောက်လေ့လာမည်ဖြစ်သည်ဟုလည်း ကမ္ဘောဒီးယားနိုင်ငံရှိ အင်တာနက်သတင်းများတွင် ဖော်ပြထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button