အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘီယာချက်စက်ရုံ မြေနေရာအငြင်းပွားမှု လွှတ်တော်အမတ်ကူညီ

တပ်မတော်နှင့် တောင်သူ အငြင်းပွားနေသည့် ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းရွာ လယ်ယာမြေပြဿနာ အမြန်ဆုံးဖြေရှင်းနိုင်ရေးအတွက် အရေးတယူဆောင်ရွက်နိုင်သော ဌာနများသို့ လာမည့် ရက်ပိုင်းအတွင်း တင်ပြတောင်းဆိုသွားမည်ဟု မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးက ယနေ့ ပြောလိုက်သည်။

ဘီယာချက်စက်ရုံတည်ဆောက်မည်ဟု သတင်းထွက်နေသော ထိုမြေနေရာနှင့် ပတ်သက်ပြီး အချက်အလက်စုဆောင်းနေသည့် လွှတ်တော်အမတ်က ဤကြိုးပမ်းချက်အတွက် အကောင်းဘက်မှ မျှော်လင့်နေသည်။

“သိမ်းဆည်းထားတဲ့ဌာနကနေ ပြန်လည်စွန့်လွှတ်နိုင်ရေးအတွက် လုံ့လထုတ်တဲ့ သဘောပါ၊ ဥပဒေနဲ့အညီ ဆောင်ရွက်ကြတာပါ၊ စိစစ်ပြီး ဆောင်ရွက်တာဖြစ်လို့ ဒီလို စာတင်တာနဲ့ ပတ်သက်ပြီး အဖြေတစ်ခု တုံ့ပြန်လာနိုင်ပါတယ်” ဟု  အမတ် ဦးရဲမင်းဦးက ပြောသည်။

တောင်သူတို့၏ တင်ပြချက်များကို သုံးသပ်ပြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်၊  ဌာနဆိုင်ရာများသို့ အကြောင်းကြား ကူညီပေးမည်ဟု ဆိုသည်။  

အငြင်းပွားမြေ အကျယ်အဝန်းမှာ ၈၆.၄ ဧက ရှိကြောင်း၊ တပ်က ၁၉၉၃ တွင်  သိမ်းပြီး ၂၀၀၄ အထိ ပြန်အငှားချခဲ့ကြောင်း တောင်သူတို့က ဆိုသည်။

အဆိုပါ အငြင်းပွားမြေသည် မန္တလေး တပ်မတော်စည်ပင်သာယာရေးအဖွဲ့မြေဖြစ်ကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြောသည်ဟု The Fifth Wave News အွန်လိုင်းတွင် ဖော်ပြထားသည်။

“ဘီယာချက်စက်ရုံဆောက်လုပ်ရခြင်းသည် အဆိုပါ မြေနေရာအနီးတွင် စစ်မှုထမ်းဟောင်းအိမ်ရာ (မန္တလေး) တည်ရှိသည့်အတွက် နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ကြသည့် တပ်မတော်သားများ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ကြသည့် စစ်မှုထမ်းဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည့်အပြင် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများလည်း အလုပ်အကိုင်ရရှိနိုင်ရန်အတွက် ဖြစ်ကြောင်း” အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံမှ သိရသည်ဟု သတင်းတွင် ဖော်ပြထားသည်။

မန္တလေးမြို့ပြင်တွင် တည်ရှိသဖြင့် မဲကင်းကုန်းရွာဝန်းကျင်သည် မန္တလေးအိမ်ခြံမြေဈေးကွက်တွင် ရွေးချယ်စရာတစ်ခု ဖြစ်လာသည်။

ရွာအနီးတွင် အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာ၊ အငှားအိမ်ရာစီမံကိန်းတို့လည်း တည်ရှိသည်ကို တွေ့ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button