အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို တပ်က ၆၆ (ဃ) ဖြင့် အမှုဖွင့်

ရန်ကုန်တိုင်းစစ်ဌာနချုပ် အရာရှိတစ်ဦးက နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား အသရေဖျက်မှုနှင့် သက်ဆိုင်သော ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့က ကာယကံရှင်ကို ယနေ့ အတည်ပြုလိုက်သည်။

၎င်းအမှုဖွင့်ခံရခြင်းနှင့် ပတ်သက်၍ ယနေ့တွင် ရန်ကုန်၊ အင်းစိန်ရဲစခန်းသို့ သွားရောက်စုံစမ်းခဲ့ရာ ဒုတိယဗိုလ်မှူးကြီးလင်းထွန်းဆိုသူက မတ်လ ၂၉ ရက်နေ့တွင် လာရောက် အမှုဖွင့်သွားခြင်းဖြစ်ကြောင်း၊ ဆက်သွယ်ရေးဆိုင်ရာ အသရေဖျက်မှုစွဲချက်တစ်ခုတည်းဖြင့် အမှုဖွင့်ခြင်းဖြစ်ကြောင်း စခန်းမှူးက ပြောဆိုခဲ့သည်ဟု သိရသည်။

မည်သည့်အကြောင်းရင်းကို မကျေနပ်၍ အမှုဖွင့်သည်ကို မေးမြန်းခဲ့သော်လည်း စခန်းမှူးက အသေးစိတ်မရှင်းပြကြောင်း၊ ၎င်းနေထိုင်ရာ အင်းစိန်မြို့နယ်နေအိမ်သို့ ပြန်ရောက်မှ စခန်းက အမှုနှင့်ပတ်သက်ပြီး မေးမြန်းရန် ဆင့်ခေါ်စာကို လာရောက်ပို့ဆောင်ခဲ့ကြောင်း မင်းထင်ကိုကိုကြီးက ပြောသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးထုတ်လုပ်ခဲ့သည့် လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကို တည်ထောင်သူလည်းဖြစ်ပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က မြန်မာ့နိုင်ငံရေးတွင် ဝင်ရောက်နေရာယူထားမှုနှင့် ပတ်သက်ပြီး ၎င်း၏ Facebook ပေါ်တွင် ပြင်းပြင်းထန်ထန် ကန့်ကွက်နေသူဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကျွန်တော်ကတော့ တိုင်းပြည်အကျိုးစီးပွားအတွက် ဝေဖန်သင့်တာကို ပြတ်ပြတ်သားသား ဝေဖန်နေဦးမှာပဲ။ ဒီအမှုကိုလည်း ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားမှာပါ” ဟု မင်းထင်ကိုကိုကြီးက ဆိုသည်။

ဆင့်ခေါ်စာအရ ဧပြီ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီတွင် အင်းစိန်ရဲစခန်းသို့ သွားရောက် အစစ်အဆေးခံရမည် ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button