အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘူးသီးတောင်တွင် လက်နက်ကြီးကျည်ကျပြီးနောက် ရွာသား ၆၀၀ ခန့် ထွက်ပြေး

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာများအနီး မတ်လနောက်ဆုံးပတ်က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီးနောက် ရာနှင့်ချီသော ရွာသားများသည် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း ဒေသခံများက ပြောသည်။

ဆင်သေပြင်၊ အာဘူ နှင့် ထိုက်တူးပေါက် စသည့် ကျေးရွာများအနီး မတ်လ ၂၄ နှင့် ၂၅ က လက်နက်ကြီးကျည် ၁၀ လုံးထက်မနည်း ပေါက်ကွဲခဲ့ပြီးနောက် ဒေသခံ ၆၀၀ ခန့် ၎င်းတို့ရွာသို့ ယနေ့တွင် ထွက်ပြေးလာကြောင်း ဖုံညိုလိပ် (မွတ်စလင်ကျေးရွာ) ၏ သူကြီး ဦးရာဖီးလ်က ပြောသည်။

ထွက်ပြေးလာသူများအား အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့် ၎င်းတို့ရွာရှိ လူနေအိမ် နှင့် စာသင်ကျောင်းများတွင် နေရာထိုင်ခင်းပေးထားကြောင်း ၎င်းက ပြောသည်။

 “အစားအသောက်အစ ရွာထဲက လူတွေကပဲ ကူညီပေးထားရတယ်။ လာကူညီတဲ့အဖွဲ့ကလည်း နည်းတယ် ” ဟု ဦးရာဖီးလ်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဆင်သေပြင်ရွာသား ဦးဟာမစ်က ၎င်းတို့ရွာအနီးတွင် ၂၅ ရက်နေ့ ည ၁၂ နာရီခန့်တွင် လက်နက်ကြီး ၂ လုံးထက်မနည်း ကျရောက်ခဲ့သောကြောင့် မိသားစုအားလုံးနီးပါး တိမ်းရှောင်လာကြရပြီး ကျွဲ၊နွားများနှင့် စပါးခင်းများကို စောင့်ကြည့်ရန် လူအနည်းငယ်သာ ကျန်နေခဲ့သည်ဟု ပြောသည်။

“ ခဏခဏ ပစ်နေတော့ ဆက်နေလို့ အဆင်မပြေဘူးလေ” ဟု ဦးဟာမစ်က ဆိုသည်။

မတ်လ ၂၅ ရက်နေ့က ထိုက်တူးပေါက်ရွာအနီးရှိ တောင်ကြောပေါ်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တပ်ဖွဲ့ဝင်များ ရှိနေသည်ဟု သတင်းရသည့်အတွက် တပ်မတော်မှ လက်နက်ကြီးဖြင့် ၆ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်းနှင့် AA တပ်ဖွဲ့ဝင်များကလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး စခန်းအနီးတွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက မတ်လ ၂၆ ရက်နေ့က Myanmar Now ကို ပြောသည်။

သို့သော် ယင်းနေ့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသလို ၎င်းတို့ဘက်မှ လက်နက်ကြီးပစ်ခတ်ခြင်းလည်း မရှိကြောင်း AA ဘက်က ငြင်းဆိုသည်။

မတ်လ ၂၅ ရက်နေ့တွင်ပင် ဖုံညိုလိပ် (ရခိုင်ရွာ)အတွင်းသို့ လက်နက်ကြီး ကျရောက်မှုကြောင့် ကျေးရွာဆေးပေးခန်းမှ ဆေးမှူး၏ ဇနီး မနွယ်ဦးခင်၏ ခြေထောက်တွင် အသေးစားဒဏ်ရာ ရရှိခဲ့ပြီး ရွာသား ၁၀၀ ကျော်ခန့် တိမ်းရှောင်ခဲ့ရသည်။

ရခိုင်မြောက်ပိုင်းတိုက်ပွဲများကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှ စစ်ဘေးရှောင် စုစုပေါင်း ၁၇၀၀၀ ကျော်မှာ နီးစပ်ရာစခန်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA မှ ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles