အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘာသာပေါင်းစုံဆုတောင်းပွဲ မန္တလေးတွင် ပြုလုပ်

ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ စုပေါင်းမေတ္တာပို့သပွဲကို မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းတွင် မတ်လ ၂၀ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးစုများး၊ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ၊ ဒေသတွင်း အသင်းအဖွဲ့များ တက်ရောက်ကြသည်။

မန္တလေးမှ အထင်ကရဆရာတော်တစ်ပါးဖြစ်သည့် မြဝတီမင်းကြီးဆရာတော်က စုပေါင်းဆုတောင်းပွဲတွင် အဓိပ္ပာယ်များစွာရှိသည်ဟု မိန့်ကြားသည်။

တစ်ယောက်ချင်း ပို့သတဲ့ မေတ္တာထက် နှလုံးသားချင်းတိုက်ဆိုင်ပြီးတော့ တညီတညာတည်း စုပေါင်းပို့သတဲ့ မေတ္တာက ပိုပြီးတော့ ပြင်းပြတဲ့မေတ္တာ၊ သက်ရောက်တဲ့မေတ္တာဖြစ်လို့ ဒီနေ့ ဆုတောင်းကြတာဖြစ်တယ်ဟု မြဝတီမင်းကြီးဆရာတော် အရှင်အရိယဝံသာဘိဝံသက မိန့်သည်။

ဆုတောင်းပွဲကြောင့် ညီညွတ်ရေးနှင့် မေတ္တာတရားတို့ ပိုမိုအားကောင်းလာမည်ဟု မျှော်လင့်ကြောင်း ခရစ်ယာန် မက်သဒစ်ဘုန်းတော်ကြီး ဦးဇော်ဝင်းအောင်က မိန့်ကြားသည်။

ဒီနေ့ မြန်မာပြည်မှာ နေထိုင်ကြတဲ့ လူမျိုးဘာသာတွေရဲ့ စိတ်နှလုံးသားထဲမှာ မေတ္တာတရားတွေ ခေါင်းပါးနေတယ်လို့ မြင်ပါတယ်၊ စည်းစည်းလုံးလုံးနဲ့ ညီညီညွတ်ညွတ် ဖြစ်ဖို့ရန် လာရောက် ဆုတောင်းမေတ္တာပို့သခြင်း ဖြစ်ပါတယ်ဟု  ဦးဇော်ဝင်းအောင်က မိန့်သည်။

ဗုဒ္ဓ၊ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဗဟာအီ  စသည့် ဘာသာများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များတက်ရောက်သည့် အလားတူ ငြိမ်းချမ်းရေးဆုတောင်းပွဲများကို မြို့ကြီးတချို့တွင်လည်း ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ယခုလဆန်းပိုင်းကလည်း  အာရှတိုက်လုံးဆိုင်ရာ ဘာသာပေါင်းစုံ ညှိနှိုင်းအစည်းအဝေးတစ်ခုကို ရန်ကုန်တွင် ပြုလုပ်ခဲ့သည်။

နိုင်ငံအတွင်း ဒေသအများအပြားတွင် တည်ငြိမ်မှုပျက်ပြားသည့် အခြေအနေများ ပေါ်ပေါက်လျက်ရှိပြီး ပဋိပက္ခတချို့မှာ လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာကပင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
 

 

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button