အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်၏ အငြိုးနှစ်ပေါင်းများစွာခံခဲ့ရသည့် မြဝတီမင်းကြီးဆရာတော် ပျံလွန်

စစ်ကောင်စီ အာဏာသိမ်းပြီး ၂ ရက်အကြာတွင် နိုင်ငံဆူပူအောင်လှုံ့ဆော်မှုဖြင့် ဖမ်းဆီးခံရသည့် သက်တော် ၇၀ အရွယ် မြဝတီမင်းကြီးဆရာတော်သည် အောက်တိုဘာ ၂၇ ရက် ညတွင် ပျံလွန်သွားခဲ့သည်။

သက်တော် ၇၁ နှစ် ဝါတော် ၅၁ ဝါ ရှိသည့် ဆရာတော်သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ဆေးရုံတွင် နှလုံးသွေးကြောပိတ်ဝေဒနာကို ကုသမှု ခံယူစဉ် ပျံလွန်သွားသည်ဟု သံဃသမဂ္ဂအဖွဲ့ဝင်ဆရာတော် ဦးကလျာဏက Myanmar Now ကို မိန့်သည်။

“ကြားကြားချင်း ဟာခနဲဖြစ်သွားတယ်၊ ဆရာတော်က ဒီ(နှလုံးသွေးကြောပိတ်) ရောဂါနဲ့ ရုတ်တရက်ကြီး ပျံလွန်တော်မူသွားတာ၊ တကယ်ဆို ဆရာတော်ကြီးက ကျန်းမာရေးလည်း အရမ်းလိုက်စားတယ်” ဟု ဦးကလျာဏက မိန့်သည်။

မြဝတီမင်းကြီးဆရာတော်ဟု လူသိများသည့် အရှင်အရိယာဝံသာဘိဝံသသည် မန္တလေးမြို့တွင် ထင်ရှားသည့် ဆရာတော်တစ်ပါးဖြစ်သည်။   

စစ်တပ်က အစွန်းရောက်အမျိုးသားရေးအမည်ခံများကို  သိန်း ၃၀၀ လှူဒါန်းမှု အပါအဝင် တပ်၏ အပြုအမူများကို  ဝေဖန်သဖြင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် စစ်တပ်က ဆရာတော်ကို အမှုဖွင့်ခဲ့သည်။ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးက ဆရာတော်ကို အာမခံပေးသဖြင့် ရုံးချိန်းပေါင်း (၃၀) ကျော်ကို ပြင်ပမှ ရင်ဆိုင်နေရစဉ် စစ်တပ်အာဏာသိမ်းမှု ပေါ်ပေါက်လာပြီးနောက် ချက်ချင်း အဖမ်းခံရခြင်း ဖြစ်သည်။  

ထို့နောက် (၆) လအကြာ သြဂုတ်(၂)ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့သည်။ ထို့နောက် ဆရာတော်သည် မန္တလေးမြို့ မြဝတီမင်းကြီး ကျောင်းတိုက်ကိုစွန့်ခွာကာ နယ်စပ်ဒေသတွင် သွားရောက်ခိုလှုံ သီတင်းသုံးစဉ် ပျံလွန်တော်မူခြင်းဖြစ်သည်။

မြဝတီမင်းကြီးဆရာတော် ပျံလွန်တော်မူခြင်းကြောင့် ဆုံးရှုံးမှု ကြီးမားကြောင်း ဆရာတော် ဦးကလျာဏက မိန့်သည်။

“စစ်တပ်ကို အမြဲ ဝေဖန်ထောက်ပြလာခဲ့တယ်။ ဆရာတော်ကြီး ပျံလွန်ခြင်းက တိုင်းပြည်အတွက်ရော၊ တော်လှန်ရေးအတွက်ရော၊ ဦးဇင်းတို့သာသနာအတွက်ရော ကြီးမားတဲ့ဆုံးရှုံးမှုပဲ၊ အင်မတန်နှမြောမိတယ်” ဟု ဦးကလျာဏက ဆက်မိန့်သည်။

ဆရာတော်သည် အာဏာသိမ်းစစ်တပ်၏ ဘာသာရေးအပေါ် အသုံးချမှု၊ နာမည်ကြီးဆရာတော်များ စစ်ကောင်စီနှင့် ပူးပေါင်းမှုကိုလည်း အစဉ်တစိုက် ဝေဖန်ခဲ့သည်။ Myanmar Now နှင့် အင်တာဗျူးတစ်ခုတွင် “စစ်ဝါဒီတွေကို တိုက်ခိုက်ခြင်းသည် ဓမ္မကိုတည်ဆောက်ခြင်းလို့ ခေါ်တယ်” ဟု မိန့်ကြားခဲ့ဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button