အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဓာတ်ပုံအက်ဆေး

ဘဝသစ်စခန်းတွင် ဘဝပျက်ခြင်း (ဓာတ်ပုံအက်ဆေး)

နိုင်ငံအနှံ့ရဲဘက်စခန်းများတွင် အကျဉ်းသားသေဆုံးမှုမှာ ၃၆ နှစ်အတွင်း ၄,၁၈၇ ဦး ရှိခဲ့သည်ဟု အစိုးရက ၂ဝ၁၄ တွင် ပြောသည်။ သေဆုံးမှုမှာ ရာသီဥတု၊ “အစားအသောက်အနေအထိုင် လွဲမှားခြင်း” နှင့် မတော်တဆထိခိုက်ဒဏ်ရာရရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။ အကျဉ်းသားသေဆုံးမှုမှာ အကျဉ်းသား အနေအထိုင်မဆင်ခြင်ခြင်းကြောင့်သာဖြစ်ကြောင်း ဆိုလိုဟန်ရှိသည်။

Myanmar Now ၏ စုံစမ်းချက်အရမူ အကျဉ်းသားအများအပြား အလုပ်လုပ်ကိုင်ရာ ရဲဘက်စခန်းများတွင် သေဆုံးမှုအများအပြား ဖြစ်ပေါ်ခဲ့ရခြင်းမှာ နှိပ်စက်ညှဉ်းပန်းခြင်း၊ သင့်လျော်သည့် နေရာထိုင်ခင်း၊ အစားအသောက်၊ ဆေးကုသမှု မရရှိခြင်းကြောင့် ဖြစ်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ ရာဇဂြိုလ်အကျဉ်းစခန်းများတွင်လည်း ၁၉၉၉-၂၀၀၀ ကာလ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အကျဉ်းသားရာနှင့်ချီ သေဆုံးခဲ့ကြသည်။

အကျဉ်းသားသေဆုံးအပြီး မှတ်တမ်းများတွင် အသိသက်သေအဖြစ် လက်မှတ်ထိုးပေးခဲ့ရသော ရာဇဂြိုလ် (၂) အကျဉ်းစခန်းအနီးရှိ ရာဇဂြိုလ်ကျေးရွာတွင် ၁၉၉၉ မှ ၂ဝဝ၃ အထိ အုပ်ချုပ်ရေးမှူးတာဝန်ယူခဲ့သူ ဦးစံဗလက အကျဉ်းသားသေဆုံးမှုမှာ နေ့စဉ် ရှိခဲ့သည်ဟု ဆိုသည်။

ရာဇဂြိုလ်အကျဉ်းစခန်းပိုင် စပါးကွင်းများတွင် လုပ်ကိုင်ရင်း အကျဉ်းသားများ အများအပြားသေဆုံးခဲ့သည်။

အကျဉ်းသားတို့ ဒဏ်ရာအကြီးအကျယ်ရခြင်း၊ နာဖျားခြင်း၊ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ရခြင်း၊ နှိပ်စက်ခံရခြင်း၊ သေဆုံးခြင်းတို့ ဖြစ်ပေါ်ခဲ့သော ထိုစခန်းများကို အစိုးရက ဘဝသစ်စခန်းဟု ခေါ်တွင်ခဲ့သည်။

ရာဇဂြိုလ်ဘဝသစ်စခန်းတချို့ရှိ လုပ်ငန်းခွင်၊ အကျဉ်းသားတို့၏ ပုံရိပ်များကို ဖော်ပြလိုက်ပါသည်။

ရာဇဂြိုလ် (၂) ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှု ရဲဘက်အကျဉ်းစခန်းအနီးတွေ့ရသော မြင်ကွင်းတစ်ခုတွင် အကျဉ်းသားအချင်းချင်း အုပ်ချုပ်ခွင့်ရသည့် အကျဉ်းသားအရာရှိတစ်ဦးက သစ်သားတုတ်ကိုင်လျက် မတ်တတ်ရပ်နေသည်ကို တွေ့ရစဉ်။ အကျဉ်းထောင်များတွင် ညှဉ်းပန်းနှိပ်စက်မှု၊ ရိုက်နှက်မှုများမရှိတော့ဟု အာဏာပိုင်များက ကြွေးကြော်နေသော်လည်း ရိုက်နှက်မှုများသည် အကျဉ်းရဲဘက်စခန်းများတွင် တွင်တွင်ကျယ်ကျယ် ဆက်လက်ဖြစ်ပွားနေသည်။ (ဓာတ်ပုံ – Myanmar Now)

အကျဉ်းသားအချင်းချင်း အုပ်ချုပ်ခွင့်ရသည့် အကျဉ်းသားအရာရှိတစ်ဦးက တုတ်ကိုင်၍ ကျန်အကျဉ်းသားများအား စိုက်ခင်းတစ်ခုထဲတွင် ကြီးကြပ်နေသည်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုလ် (၂) ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှု ရဲဘက်အကျဉ်းစခန်းအနီး အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်နေသော ရဲဘက်အကျဉ်းသားများ။ (ဓာတ်ပုံ – Myanmar Now)

ရာဇဂြိုလ် (၂) ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှု ရဲဘက်အကျဉ်းစခန်းအနီး ပစ္စည်းများသယ်ပိုးနေသော ရဲဘက်အကျဉ်းသားအချို့။ (ဓာတ်ပုံ – Myanmar Now)

ရာဇဂြိုလ် (၂) ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှု ရဲဘက်အကျဉ်းစခန်းအနီး ပစ္စည်းများသယ်ပိုးနေသော ရဲဘက်အကျဉ်းသားအချို့။ (ဓာတ်ပုံ – Myanmar Now)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ရာဇဂြိုလ် (၂) ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှု ရဲဘက်အကျဉ်းစခန်း အကျဉ်းသားများ တစ်နေ့တာလုပ်ငန်းပြီးဆုံးသဖြင့် စိုက်ကွင်းများမှ အကျဉ်းစခန်းဆီသို့ ပြန်လာကြပုံ။ (ဓာတ်ပုံ – Myanmar Now)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ရာဇဂြိုလ် (၂) ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှု ရဲဘက်အကျဉ်းစခန်းအကျဉ်းသားများ တစ်နေ့တာလုပ်ငန်းပြီးဆုံးသဖြင့် စိုက်ကွင်းများမှ အကျဉ်းစခန်းဆီသို့ ပြန်လာရန် ပြင်ဆင်နေကြပုံ။ (ဓာတ်ပုံ – Myanmar Now)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ရာဇဂြိုလ် (၂) ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှု ရဲဘက်အကျဉ်းစခန်းအနီး အကျဉ်းဦးစီးဌာနပိုင် စပါးကွင်းများသည် တစ်ချိန်က အကျဉ်းသားများအတွက် သေတွင်းသို့ ပို့ပေးသည့် ဂိတ်တံခါးများဖြစ်ခဲ့သည်။ (ဓာတ်ပုံ-Myanmar Now)

အကျဉ်းသားသေဆုံးအပြီး မှတ်တမ်းများတွင် အသိသက်သေအဖြစ် လက်မှတ်ထိုးပေးခဲ့ရသော ရာဇဂြိုလ်(၂) အကျဉ်းစခန်းအနီးရှိ ရာဇဂြိုလ်ကျေးရွာတွင် ၁၉၉၉ မှ ၂ဝဝ၃ အထိ အုပ်ချုပ်ရေးမှူးတာဝန်ယူခဲ့သူ ဦးစံဗလက အကျဉ်းသားသေဆုံးမှုမှာ နေ့စဉ်ရှိခဲ့သည်ဟု ဆိုသည်။

ယခုအကြောင်းအရာနှင့် ပတ်သက်သော ဆောင်းပါးအပြည့်အစုံကို အောက်ပါလင့်ကို နှိပ်ပြီး ဖတ်ရႈနိုင်ပါသည်။

ဘဝမကူးသည့်နေ့မရှိသော ဘဝသစ်အကျဉ်းစခန်းများ

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button