သတင်း

အမျိုးသားလွှတ်တော်ထဲ လူနည်းစုဖြစ်သွားသူများ၏ အသံ

နေပြည်တော် – လွှတ်တော်တွင် ယခင်က နေရာအများစု ရရှိခဲ့သည့် ပါတီကြီးများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲ အပြတ်အသတ် နိုင်ပြီးနောက်ပိုင်းတွင် လူနည်းစုများ ဖြစ်သွားကြသည်။ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ပြန်လည်စတင်သည့် အမျိုးသားလွှတ်တော်သို့ တက်ရောက်လာသော အဆိုပါ ပါတီတို့အား ကိုယ်စားပြုသည့် အမတ်များထဲမှ တချို့ကို တွေ့ဆုံပြီး လာမည့် ၅ နှစ်ကာလ လွှတ်တော်သက်တမ်းအတွင်း အနိုင်ရပါတီ အမတ်များနှင့် မည်သို့သော ဆက်ဆံရေးရှိမည်၊ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ၊ NLD အစိုးရ နှင့် NLD ကြီးစိုးသည့်လွှတ်တော်များကြား အပြန်အလှန် ထိန်းကျောင်းရေးတို့အကြောင်းကို မေးမြန်းထားသည်။ ပြည်သူများ အပြောင်းအလဲ လိုလားနေပြီး လွှတ်တော်က ပြည်သူ့အရေးကို ယခင်ကထက် ပိုမို လုပ်ဆောင်နိုင်မည်၊ NLD နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ၎င်းတို့က ဆိုသည်။

ဦးဂျေယောဝူ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ
ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁


ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်၊ ပြည်ခိုင်ဖြိုး
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၆

NLD ကလည်း ကိုယ့်ရဲ့တိုင်းပြည်နဲ့လူမျိုးအတွက် လုပ်နေတာပဲလေ။ ပြည်ခိုင်ဖြိုးကလည်း ဒီလိုပဲလေ။ ကျွန်တော်တို့က တတ်နိုင်တဲ့ဘက်က ကူညီမှာပေါ့၊ NLD ဦးဆောင်မှုအောက်မှာ ပူးပေါင်းပြီးလုပ်ရမှာပေါ့။ ကျွန်တော်တို့ကလည်း အတိုက်အခံတွေ မဟုတ်ပါဘူး။ ဒီအတိုင်းပါပဲ။ သူတို့လူနည်းစုတုန်းကလည်း သူတို့က ဒီအတိုင်းပဲလေ။ သူတို့မှားတာလုပ်လို့ရှိရင်တော့ ကျွန်တော်တို့က ထိန်းပေးရမှာပေါ့။ လူထုအတွက် ကောင်းတဲ့ဟာ၊ မှန်တဲ့ဟာလုပ်မယ်ဆိုရင်တော့ ဘာမှအတိုက်အခံလုပ်စရာမလိုဘူးလေ။ ပြည်ခိုင်ဖြိုးထဲကလူတချို့ လာမယ့်အစိုးရမှာ ပါလာဖို့တော့ မကြားမိသေးဘူးဗျ။ ဦးရွှေမန်းကို တစ်နေရာရာမှာ ပြန်တာဝန်ပေးမယ်ဆိုရင် ကောင်းတာပေါ့။ သူကလည်း တော်တဲ့သူပဲလေ။ ။

NLD က ရွေးချယ်တဲ့ (လွှတ်တော်) ဥက္ကဋ္ဌတွေဖြစ်လာပြီ၊ အစိုးရရွေးမယ့် ဝန်ကြီးတွေလည်း NLD ကရွေးတဲ့သူတွေပဲ ဖြစ်လာမှာ။ အတိုက်အခံဖြစ်လာနိုင်တာက တပ်ပိုင်းဆိုင်ရာနဲ့ပေါ့။ ဒေါ်စုထိန်းချုပ်မှုအောက်မှာရှိနေတဲ့ လွှတ်တော်နဲ့ အစိုးရဆိုတဲ့ မဏ္ဍိုင်ကြီး ၂ ခုက အပြန်အလှန်ထိန်းကျောင်းမှုတွေ အားမနည်းနိုင်ဘူးလို့မြင်တယ်။ အရင်ကလို အရမ်းကြီး အတိုက်အခံလုပ်ရမယ့်သဘောတော့ သက်ရောက်မယ်မထင်ဘူး။ ပြည်ထောင်စုလွှတ်တော် စစခြင်းမှာ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်မယ်၊ ဆိုင်းငံ့မယ်ဆိုရင် အများစုက ပြင်ဆိုရင်တော့ ကျွန်တော်လည်း လိုက်သဘောတူရမှာပေါ့။ ကျွန်တော့်ရဲ့ တစ်ကိုယ်ရေသဘောထားက ပြင်သင့်တယ်လို့ ထင်တယ်။ ကျွန်တော်တို့ပြင်ခဲ့တုန်းကလည်း မအောင်မြင်ခဲ့ဘူးလေ။
ဟိုတုန်းက ဖက်ဒရယ်ဆိုတာ ကြောက်ရမယ့်ဟာတစ်ခုလို ဖြစ်နေတာ။ အခု လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်က သတ္တိရှိရှိနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြစို့လို့ အားလုံးကို ဖိတ်ခေါ်တဲ့ သဘောဖြစ်တယ်။ ဒါ့ကြောင့် ပိုပွင့်လင်းလာမယ်၊ ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမ အားလုံးရဲ့ မျှော်လင့်ချက်ပန်းတိုင်ကို ဖော်ကြူးပေးလိုက်ပြီ၊ ဒါ့ကြောင့် ဒီလွှတ်တော်က ပြည်သူလူထုရဲ့ လိုအပ်ချက်ကို ပိုလုပ်နိုင်မယ်လို့ ထင်ပါတယ်။

ဦးစိုးအောင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၁

ကျွန်တော်တို့က အမျိုးသားလွှတ်တော်မှာ ၁၁ ယောက်ပဲ ရှိတယ်။ အများစုက NLD ပေါ့။ လွှတ်တော်မှာ ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်ပါပဲ။ ဒေါ်စုကလည်း လမ်းညွှန်ထားတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက် အားလုံးပေါင်းစပ်ဆောင်ရွက်မယ်၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲတွေ မထားဘဲနဲ့ ညှိနှိုင်းပြီးလုပ်သွားမယ်တဲ့။

လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူတွေရဲ့ အရှင်သခင်မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ အစေအပါးပါ။ သူတို့ခိုင်းသမျှ လုပ်ရမှာပါ။ သူတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။
NLD လွှတ်တော်နဲ့ NLD အစိုးရတို့ အပြန်အလှန်ထိန်းကျောင်းမှုကိုတော့ ကျွန်တော်တို့က စောင့်ကြည့်ရဦးမှာပါ။ ပါတီစွဲ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲတွေမထားဘဲနဲ့ တိုင်းပြည်ကောင်းအောင် ပေါင်းစပ်ညှိနှိုင်း၊ တိုင်တိုင်ပင်ပင် စည်းစည်းလုံးလုံးနဲ့ လုပ်တော့မယ်ဆိုတော့ ကျွန်တော်တို့ကလည်း အားပေးရမှာပဲ။ ကျွန်တော်က တိုင်းပြည်ရဲ့အပြောင်းအလဲကို ယုံလည်းယုံတယ်။ ပြည်သူလူထုက အပြောင်းအလဲကို လိုသွားပြီလေ။

ပုဒ်မ ၅၉(စ) နဲ့ပတ်သက်ပြီးပြောရရင် ဒေါ်စုက ဖြစ်သင့်ဖြစ်ထိုက်တဲ့ပုဂ္ဂိုလ်ပဲလေ။ နိုင်ငံတကာအတွေ့အကြုံရော၊ အရည်ချင်းရော၊ စွမ်းဆောင်ရည်ရောက ပြည်သူလူထုတောင်းဆိုနေတာရောပေါ့။ ကျွန်တော့်တစ်ဦးတည်းအမြင်ကတော့ သဘောတူတယ်။


ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်၊ ပြည်ခိုင်ဖြိုး
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၆

NLD ကလည်း ကိုယ့်ရဲ့တိုင်းပြည်နဲ့လူမျိုးအတွက် လုပ်နေတာပဲလေ။ ပြည်ခိုင်ဖြိုးကလည်း ဒီလိုပဲလေ။ ကျွန်တော်တို့က တတ်နိုင်တဲ့ဘက်က ကူညီမှာပေါ့၊ NLD ဦးဆောင်မှုအောက်မှာ ပူးပေါင်းပြီးလုပ်ရမှာပေါ့။ ကျွန်တော်တို့ကလည်း အတိုက်အခံတွေ မဟုတ်ပါဘူး။ ဒီအတိုင်းပါပဲ။ သူတို့လူနည်းစုတုန်းကလည်း သူတို့က ဒီအတိုင်းပဲလေ။ သူတို့မှားတာလုပ်လို့ရှိရင်တော့ ကျွန်တော်တို့က ထိန်းပေးရမှာပေါ့။ လူထုအတွက် ကောင်းတဲ့ဟာ၊ မှန်တဲ့ဟာလုပ်မယ်ဆိုရင်တော့ ဘာမှအတိုက်အခံလုပ်စရာမလိုဘူးလေ။ ပြည်ခိုင်ဖြိုးထဲကလူတချို့ လာမယ့်အစိုးရမှာ ပါလာဖို့တော့ မကြားမိသေးဘူးဗျ။ ဦးရွှေမန်းကို တစ်နေရာရာမှာ ပြန်တာဝန်ပေးမယ်ဆိုရင် ကောင်းတာပေါ့။ သူကလည်း တော်တဲ့သူပဲလေ။ ။

Show More

Related Articles

Back to top button