အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမျိုးသားလွှတ်တော်အစည်းအဝေး နောက်တစ်ရက်ဆုတ် 

၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ စတင်ခေါ်ယူမည့် တတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေး ကျင်းပမည့်ရက်ကို ဖေဖော်ဝါရီ ၁ ရက်နေ့အစား နောက်တစ်ရက်ဖြစ်သည့် ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ပြင်ဆင်လိုက်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ထားသည်။

လွှတ်တော်အစည်းအဝေး ရက်ရွှေ့ဆိုင်းမည့်အကြောင်းကို ပြီးခဲ့သည့်သီတင်းပတ်ကတည်းက အကြောင်းကြားပြီးဖြစ်သော်လည်း မည်သည့်အတွက်ကြောင့် ရက်ပြောင်းသည်ကို အတိအကျမသိရသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က Myanmar Now ကို ပြောသည်။

ကိုဗစ်နိုင်တင်း (Covid-19) ကာကွယ်ဆေးထိုးမည့် အစီအစဉ်ကြောင့် ဖြစ်နိုင်သည်ဟု ထင်မြင်ကြောင်းလည်း ဦးအောင်ကြည်ညွန့်က ဆိုသည်။

“ဆေးထိုးတာတွေနဲ့ ဆိုင်လိမ့်မယ်ထင်တယ်။ အခုက ပြည်သူ့(လွှတ်တော်)နဲ့က တစ်ရက်တစ်ရက် အမြဲတမ်းနောက်ကျတယ်။ ပြည်သူ့က မနေ့က ဆေးစစ်တယ်၊ အမျိုးသား(လွှတ်တော်)က ဒီနေ့မှ ဆေးစစ်ရတယ်။ ပြည်သူ့က ဒီနေ့ဆေးထိုးတယ်။ ကျွန်တော်တို့က ၃၀ ရက်နေ့မှ ထိုးရမယ်” ဟု ဦးအောင်ကြည်ညွန့်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အမျိုးသားလွှတ်တော်ကျင်းပမည့်ရက် ပြင်ဆင်ကြောင်းကို နိုင်ငံပိုင် MRTV သတင်းဌာနက ယနေ့နေ့လယ်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအ‌ဝေးကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး အမျိုးသားလွှတ်တော်ကို ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးစတင်ပြီး နောက်တစ်ရက်ဖြစ်သည့် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ကျင်းမည်ဖြစ်သည်။

အမျိုးသားလွှတ်တော်၏ ပထမအကြိမ်ပုံမှန်အစည်းအဝေးကို ယင်းလွှတ်တော်၏ သက်တမ်းစတင်သည့်နေ့မှ ၇ ရက်အတွင်း ကျင်းပရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားပြီး ပြည်သူ့လွှတ်တော်သက်တမ်း စတင်သည့်နေ့ရက်သည် အမျိုးသားလွှတ်တော်သက်တမ်း စတင်သည့်နေ့ရက်ဖြစ်သည်ဟု ပါရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button