အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမပြုရန် အမျိုးသမီးများတိုက်တွန်း

ရန်ကုန် – အမျိုးသမီးများကို စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ခြင်းသည်လည်း အကြမ်းဖက်ခြင်းအမျိုးအစားတစ်ခုဖြစ်သည်ဟု နယ်ပယ်အသီးသီးတွင် ထင်ရှားသည့် ကချင် အမျိုးသမီးတချို့က မကြာသေးမီက ပြောလိုက်သည်။

ဂီတဖျော်ဖြေရေးစင်မြင့်ပေါ်ရှိ အဆိုတော်တို့ ဝတ်စားဆင်ယင်မှု၊ တင်ဆက်မှုတို့နှင့် ပတ်သက်ပြီး ဝေဖန်သည့်အခါ ယဉ်ကျေးမှုရှုထောင့်တစ်ခုတည်းမှ ကြည့်ရှုပြီး ပြောဆိုခြင်းသည် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းဖြစ်သည်ဟု အဆိုတော် ရေဗက္ကာဝင်းက ထောက်ပြသည်။

“အမျိုးသမီးတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေ၊ ယုံကြည်မှုတွေကို ထိခိုက်အောင် ပြစ်တင်မှုတွေ မပြုသူဟာ ပိုပြီးတော့ယဉ်ကျေးတဲ့လူ၊ ပိုပြီးတော့ အဆင့်အတန်းရှိတဲ့လူလို့ ပြောချင်ပါတယ်” ဟု ရေဗက္ကာဝင်းက အောက်တိုဘာလကုန်ပိုင်း ရန်ကုန်မြို့တွင် ပြုလုပ်သည့် ကျား/မ အခြေပြု အကြမ်းဖက်မှု တိုက်ဖျက်ရေးဆွေးနွေးပွဲတစ်ခုတွင် ပြောကြားသည်။

အမျိုးသမီးတို့ကလည်း အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု စသည့် အကြောင်းအရာများကို နားလည်စေရန် ကြိုးပမ်းသင့်သည်ဟု အဆိုတော်က လူ့အခွင့်အရေး လှုပ်ရှားသူများ၊ သတင်းသမားများနှင့် အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များ တက်ရောက်သည့် အဆိုပါ ဆွေးနွေးပွဲတွင် တိုက်တွန်းလိုက်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းသည် သိမ်ငယ်စိတ်ဝင်ပြီး လူတောမတိုးနိုင်စေရန် ပြုလုပ်ခြင်းဖြစ်သည်ဟု Gender Equality Network ခေါ် ကျား/မ တန်းတူရေးကွန်ရက်မှ ညွှန်ကြားရေးမှူး ဒေါ်မေစံပယ်ဖြူက ပြောသည်။

မိသားစုအတွင်းတွင်လည်း ထိုသို့သော အကြမ်းဖက်ခြင်းမျိုးကို တွေ့ရတတ်ကြောင်း ဒေါ်မေစံပယ်ဖြူက Myanmar Now နှင့် မကြာသေးခင် တွေ့ဆုံစဉ် ရှင်းပြသည်။

“မင်းနည်းနည်းမှ အသုံးမကျဘူး၊ မင်းလုပ်သမျှအရာအားလုံးက ဘာမှအရာမရောက်ဘူး ဆိုပြီးတော့ သားသမီးတွေရှေ့မှာပဲဖြစ်ဖြစ်၊ သူစိမ်းတွေရှေ့မှာပဲဖြစ်ဖြစ် မကြာခဏ ပြောတာဟာ အမျိုးသမီးကို အရှက်ရအောင်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျောက်ဆုံးအောင် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာပါ” ဟု ဒေါ်မေစံပယ်ဖြူက ပြောသည်။

အခြားသော အကြမ်းဖက်မှု ပုံစံ ၅ မျိုးမှာ ရုပ်ပိုင်း၊ လိင်ပိုင်း၊ စီးပွားရေးပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများ၊ အန္တရာယ်ရှိသည့် မိရိုးဖလာအဆုံးအမများအရ အကြမ်းဖက်ခြင်း၊ အွန်လိုင်းတွင် ကြမ်းဖက်ခြင်းတို့ဖြစ်ကြောင်း ကျား/မ တန်းတူညီမျှရေးအတွက် ဥပဒေ၊ မူဝါ၊ဒ အယူအဆများ ပြောင်းလဲရေး လှုံ့ဆော်နေသော ၎င်းတို့ကွန်ရက်၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

“စီးပွားရေးအရအကြမ်းဖက်တယ်ဆိုတာ အမျိုးသမီးတွေ လုပ်လို့ရတဲ့ စီးပွားရေးအခွင့်အလမ်းတွေ၊ အကျိုးအမြတ်တွေကို မရရှိအောင် တားမြစ်တာ၊ ပိတ်ပင်တာ ဒါမှမဟုတ်ရင်လည်း ခေါင်းပုံဖြတ်တာပေါ့” ဟု ဒေါ်မေစံပယ်ဖြူက ပြောသည်။

လင်နှင့်မယားကြား ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် အိမ်တွင်းရေးသက်သက်သာဖြစ်သည်ဟူသော အတွေးအခေါ်မှာလည်း မှားယွင်းနေကြောင်း၊ “လင်နဲ့မယား လျှာနဲ့သွား” ဟူသော စကားကို အကြောင်းပြု၍ ခင်ပွန်းသည်က ရိုက်နှက်လာလျှင် သည်းခံ၊ မျိုသိပ်ရမည်ဆိုသည့် အတွေးအခေါ်မှာ ခေတ်မမီတော့ကြောင်း ဒေါ်မေစံပယ်ဖြူက ပြောသည်။

——————————–
(လွမ်းဒေါင်သည် မြစ်ကြီးနားမြို့မှ လူငယ်တစ်ဦးဖြစ်ပြီး ရန်ကုန်မြို့ Myanamr Now ရုံးတွင် အလုပ်သင်သတင်းထောက်အဖြစ် ခေတ္တလုပ်ကိုင်လျက်ရှိသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button