အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

၆၆(ဃ) ပြင်ဆင်ရန် ပြန်ကြားရေးက လွှတ်တော်တင်မည်ဟုဆို

ရန်ကုန် – ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ကို ပြင်ဆင်ရန် လွှတ်တော်သို့ မကြာမီ တင်ပြမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ထံမှ သိရကြောင်း နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် CPJ ခေါ် စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက သောကြာနေ့တွင် ပြောလိုက်သည်။

အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်ဟု ကော်မတီဥက္ကဋ္ဌ Ms. Sandra Mims Rowe က ရှင်းပြသည်။

“ဆက်သွယ်ရေးဥပဒေပြင်ဆင်ဖို့ ဘယ်လိုအခြေအနေရှိနေပါပြီလို့ မနေ့က တာဝန်ရှိသူတွေက ပြောခဲ့တယ်။ အားရစရာ ကောင်းပါတယ်။ ဒါပေမယ့် ပြောတဲ့အတိုင်း လုပ်ကြမလား။ ပြီးတော့ ပြောတာနဲ့လုပ်တာနဲ့ တခြားစီ ဖြစ်သွားမလား။ ပြောတဲ့အတိုင်း မလုပ်ခဲ့ဘူး ဆိုလို့ရှိရင် ကတိကဝတ်တွေ ဖျောက်ဖျက်ရာ ရောက်ပြီးတော့ ဒီအစိုးရအပေါ် ယုံကြည်မှု ကျဆင်းသွားမှာဖြစ်ပါတယ်” ဟု Ms. Sandra Mims Rowe က ပြောသည်။

ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို ဆက်လက်စောင့်ကြည့်နေသည်ဟု သူက ဆက်ပြောသည်။

ထိုပြောကြားချက်နှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရုံးသို့ Maynmar Now သတင်းဌာနက သောကြာနေ့ ညနေပိုင်းတွင် ဖုန်းဆက်သော်လည်း လက်ခံ ဖြေဆိုခြင်း မရှိပေ။

CPJ သည် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ ဥပဒေကြမ်းကော်မတီ အနေဖြင့် သတင်းမီဒီယာ လွတ်လပ်ခွင့်၏ အရေးပါပုံကို သိနားလည်ကြောင်း၊ အဆိုပြုလွှာတင်သွင်းလာခဲ့ပါက ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း CPJ နှင့် တွေ့ဆုံစဉ်ပြောကြားသည်ဟု ဆိုသည်။

(ဆလိုင်းလာလ်နွန်အုပ်သည် ရန်ကုန်မြို့၊ မြန်မာသတင်းပညာသိပ္ပံတွင် စာနယ်ဇင်းပညာ သင်ယူနေသူတစ်ဦးဖြစ်ပြီး Myanmar Now ရုံးတွင် အလုပ်သင် သတင်းထောက်အဖြစ် ယာယီ လုပ်ကိုင်လျက်ရှိသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button