အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သင်္ဃန်းကျွန်းရှိ H1N1 သံသယလူနာတွင် ပိုးမတွေ့

ရန်ကုန် – ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံရှိ အထူး ဂရုပြု ကုသမှုပေးနေရသော လူနာတွင် H1N1 ရာသီတုပ်ကွေးရောဂါပိုး မတွေ့ရကြောင်း ဆေးရုံအုပ် ဒေါက်တာအောင်ဆန်းမင်းက Myanmar Now ကို ဇူလိုင် ၂၈ တွင် အတည်ပြုပြောကြားသည်။

သို့သော်လည်း အရေးကြီးလူနာတို့ကို ပိုမို အလေးထား စောင့်ရှောက်နေသည်ဟု ဆိုသည်။

“ဒီနေ့မှာ ဆေးစစ်ချက်အဖြေရပါပြီ။ H1N1 မဟုတ်ပါဘူး။ ဒါပေမယ့် ထုံးစံအတိုင်း သူ့ကို ကနေ့ အချိန်အထိတော့ သီးသန့်ခန်းထဲပဲ ဆက်ကုသပေးနေဆဲပါ” ဟု ၎င်းက ဆိုသည်။

စစ်ဆေးတွေ့ရှိချက်မတိုင်ခင်အထိ H1N1 သံသယလူနာအဖြစ် သတ်မှတ်ခံခဲ့ရသည့် ၂၉ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်အောင်ရပ်ကွက်မှဖြစ်သည်။ ယခုနှစ်ဆန်းပိုင်းက ရန်ကုန်သို့ ပြောင်းရွှေ့လာသူဖြစ်သည်ဟု အိမ်နီးချင်းတို့ထံမှ သိရသည်။

၆ ဦးသေဆုံး

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သင်္ဃန်းကျွန်းစံပြဆေးရုံတွင် ကုသမှုခံယူနေသော ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ၅ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ ရာသီတုပ်ကွေးကြောင့် သေဆုံးခဲ့ရသည်။

ဇူလိုင် ၁၉ ရက်နေ့မှ ဇူလိုင် ၂၇ ရက်နေ့အထိ H1N1 တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင် ရောဂါဖြင့် လူနာ ၅ဝ ကို ကုသပေးခဲ့ရာ ထိုအထဲမှ H1N1 ရှိသူ ၃ဝ တွေ့ရှိကြောင်း၊ ကုသမှုခံယူနေသူ ၆ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဌာနက ဇူလိုင် ၂၇ တွင် သတင်းထုတ်ပြန်သည်။

WHO ကို အကူအညီတောင်း

အသက်ရှူလမ်းကြောင်းမှ ကူးစက်တတ်သော ဤရောဂါကို အမျိုးအစား နှစ်မျိုး ခွဲခြားထားသည်ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောဆိုကြောင်း ဇူလိုင် ၂၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

“ရိုးရိုးဖျားတယ်၊ နာတယ်၊ ကိုက်ခဲတယ်။ ဒါက အမျိုးအစား မပြင်းထန်တဲ့ဟာ။ ရင်ကျပ်တယ်၊ အသက်ရှူခက်တယ်၊ အဖျားကြီးတယ်၊ ဂနာမငြိမ်ဖြစ်တယ် ဆိုတာက ပြင်းထန်တဲ့အမျိုးအစားပါ” ဟု ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

ဆောလျင်စွာ တွေ့ရှိ ကုသပါက ရောဂါပြင်းထန်မှု၊ အသက်သေဆုံးမှုတို့ မဖြစ်ရန် ကာကွယ်နိုင်သည်ဟု သူက ဆက်ပြောသည်။

နိုင်ငံတွင်း ရာသီတုပ်ကွေး ဖြစ်ပွားမှု အခြေအနေကို WHO ခေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ ဇူလိုင် ၂၆ ရက်နေ့တွင် အစီရင်ခံစာ ပေးပို့ထားကြောင်း၊ လိုအပ်သည့်အကူအညီပေးရန်လည်း တောင်းခံထားကြောင်း သူက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button