အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဓာတ်ပုံအက်ဆေး

ရန်ကုန်ရဲ့ အသစ်အဆန်းနောက်တစ်ခု

ရန်ကုန်မှာ ရေကြောင်းသွား ခရီးသည်ပို့ဆောင်ရေးကို အောက်တိုဘာလ ၅ ရက်နေ့က စတင်မိတ်ဆက်ပြီးတဲ့နောက်မှာ Yangon Water Bus လို့ ခေါ်တဲ့ ဒီပို့ဆောင်ရေး ပိုမိုအဆင်ပြေစေဖို့အတွက် ဆက်လက်ဆောင်ရွက်မယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြောပါတယ်။

ဘတ်စကားလိုင်းတွေ လှေဆိပ်နားအထိ တိုးချဲ့ဖို့ အမြန်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ပဏီက လှေ နဲ့ လှေဆိပ် အရေအတွက် တိုးချဲ့ဖို့ အစီအစဉ်ရှိတယ်လို့ သတင်းဌာနတွေကို ပြောပါတယ်။

(ဓာတ်ပုံ – ပြည့်ပြည့် / Myanmar Now)

မြစ်တွင်းပြေး စက်လှေ ၅ စီးနဲ့ ပြေးဆွဲနေပြီး လက်မှတ်က ကျပ် ၃ဝဝ ဖြစ်ပါတယ်။ နှစ်ထပ်ယာဉ်မှာ ခရီးသည် ၂ဝဝ သယ်ဆောင်နိုင်ပြီး ရိုးရိုးယာဉ်မှာ ၁၂ဝ သယ်ဆောင်နိုင်ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဆိုက်ရောက်မယ့်လှေမှာ ပါလာမယ့် လူဦးရေနဲ့ တွက်ချက်ပြီး  လက်မှတ်ကို ကန့်သတ် ရောင်းချတာကြောင့် လှေဆိပ်မှာ စောင့်ဆိုင်းနေရတဲ့သူတွေကို တွေ့ရမှာပါ။ 

လုပ်ငန်းခွင်ဝင်မည့်သူများ၊ အချိန်ကိုက် လုပ်ကိုင်ရသူများအတွက် အဆင်ပြေခြင်း မရှိသေးပါဘူး။

(ဓာတ်ပုံ – ပြည့်ပြည့် / Myanmar Now)

လမ်းပိတ်ဆို့မှု ဆိုးဆိုးရွားရွားဖြစ်ပေါ်နေတဲ့ မြို့တော်ရန်ကုန်မှာ အသစ်ပေါ်လာတဲ့ YWB သင်္ဘောတွေကို စီးနင်းသူတွေထဲမှာ အလုပ်ဆင်း၊ အလုပ်ပြန်သူတွေ ပါဝင်သလို အသစ်အဆန်းကို စမ်းသပ်စီးနင်း လေ့လာသူတွေလည်း အများအပြား ပါဝင်နေပါတယ်။

ဗိုလ်တထောင်၊ နန်းသီတာ၊ လမ်းသစ်၊ ကြည့်မြင်တိုင်၊ လှိုင်၊ ပန်းလှိုင်၊ အင်းစိန်တို့မှာ ဆိုက်ကပ်တဲ့ YWB သင်္ဘောတွေက မနက် ၇ နာရီမှ ည ၈ နာရီ အထိ ပြေးဆွဲပေးလျက်ရှိပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles