အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်လေဆိပ် ဘတ်စကားလိုင်း အကောင်အထည်ပေါ်ပြီ

(ရန်ကုန်) – လေဆိပ်မှ ရန်ကုန်ဘူတာကြီးထိ ဘတ်စကားပြေးဆွဲမည့် အစီအစဉ်ကို ဇွန် ၂၁ တွင် စမ်းသပ်ပြေးဆွဲလိုက်ပြီး နောက်တစ်နေ့တွင် ခရီးသည်များကို ပုံမှန် ဝန်ဆောင်မှုပေးသွား မည်ဟု အဆိုပါ ယာဉ်လိုင်းတာဝန်ခံ ဦးထွန်းဇံက ပြောသည်။

Airport Shuttle ဟု ခေါ်သော လိုင်းသစ်က လေဆိပ်နှင့် ဘူတာကြီးကြား ခရီးသည်အတင်အချ လုပ်နိုင်သည့် မှတ်တိုင် ရှစ်ခု သတ်မှတ်ထားပြီး ကားပေါ်တက်သည်နှင့် ယာဉ်စီးခ ငါးရာ ပေးချေရမည်ဟု ဆိုသည်။

စမ်းသပ်မောင်းနှင်သည့် ခရီးစဉ်အတွင်း ခေတ္တ ရပ်နားသည့် မှတ်တိုင်များတွင် ကုမ္ပဏီဝန်ထမ်းတို့က ယာဉ်လိုင်းသစ်အကြောင်း လက်ကမ်းစာစောင် လိုက်လံ ဝေငှနေကြသည်။

လေယာဉ်ကွင်းမှ ဆူးလေ၊ ဘူတာကြီးတို့ကို အသွားအပြန် နှစ်နာရီကျော် ကြာမြင့်ကြောင်း တွေ့ရသည်။

ယာဉ်လိုင်းသစ်သည်  မင်္ဂလာဒုံ၊ မရမ်းကုန်း၊ ရန်ကင်း၊ ဗဟန်း၊ ဒဂုံ၊ ကျောက်တံတား စသည့်မြို့နယ်များကို ဖြတ်သန်းမည် ဖြစ်ပြီး ဟိုတယ်ကြီးများ ရှိသည့်မှတ်တိုင်တို့တွင် ရပ်နားမည် ဖြစ်သည်။

ယာဉ်လိုင်းသစ်အတွက် မော်တော်ယာဉ် ၃၅ စင်း စီစဉ်ထားသည်ဟု ဆိုသည်။

ပြည်တွင်း ပြည်ပ ခရီးသည် အများအပြား ရန်ကုန်လေဆိပ်ကို နေ့စဉ် ဖြတ်သန်းနေကြသည်။

လေဆိပ်မှ ဆူးလေ၊ ဘူတာကြီးသို့ သွားရောက်လိုသူက ဘတ်စကားမစီးဘဲ တက္ကစီငှားလျှင် ကိုးထောင်ဝန်းကျင် ကုန်ကျမည်ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button