အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကချင်စစ်ပွဲအရေး မန္တလေးတွင် ဦးဆောင်ဆန္ဒပြသူများကို ဖမ်းဆီး

(ရန်ကုန်) – ကချင်ဒေသ စစ်ပွဲများအရေးအတွက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆန္ဒပြခဲ့မှုတွင် ဦးဆောင်ခဲ့သူများအနက်မှ မန္တလေးမြို့ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးအောင်မှိုင်းဆန်း၊ ဦးစိုးမိုးနိုင် (ခ) ဦးဒိန်းဒေါင်တို့ကို ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ဖောက်ဖျက်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း ဦးအောင်မှိုင်းဆန်း၏ ဇနီးဖြစ်သူ ဒေါ်လဲ့လဲ့နွယ်က Myanmar Now ကို ပြောသည်။

မေလ ၆ ရက်နေ့က မန္တလေးရှိ နိုင်ငံရေးအင်အားစုများ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ဒေသခံတချို့တို့ ပူးပေါင်းပြီး စစ်ရေးအကြမ်းဖက်မှု အလိုမရှိ၊ တိုင်းရင်းသားဒေသ ထိုးစစ်များရပ်၊ စစ်မက်ဖြစ်ပွားနေသောနေရာတွင် ပိတ်မိနေသည့် ပြည်သူများ လွှတ်ပေးရေး၊ Stop War စသည့် စာသားများ ရေးသားထားသည့် ပိုစတာများကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

၃ ဦးကို အဆိုပါ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့ရာမှ ၂ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကျန်တစ်ဦးမှာ ကဗျာဆရာ ကလင်း(မန္တလေး) ဖြစ်သည်ဟု ဆိုသည်။

ပုဒ်မ ၁၉ အရ အများဆုံး စီရင်နိုင်သည်မှာ ထောင်ဒဏ် သုံးလနှင့် ဒဏ်ငွေကျပ် ၃၀,၀၀၀ ဖြစ်ကြောင်း သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဖမ်းခံရသူတို့ အာမခံဖြင့် ပြန်လွတ်လာဖွယ် ရှိမရှိ မသိရသေးကြောင်း ဒေါ်လဲ့လဲ့နွယ်က ပြောသည်။

“မနေ့ကတည်းက သတင်းတွေထွက်နေတာ။ ပုဒ်မ ၁၉ နဲ့ စွဲမယ်ဆိုတာ။ ဒီနေ့ သူတို့ လက်ဖက်ရည်ဆိုင်ကအထွက်မှာ စောင့်ဖမ်းပြီး ကိုအောင်မှိုင်းဆန်းက အိမ်ကို ခဏပြန်ဦးမယ်ဆိုလို့ အိမ်ကိုခေါ်လာတယ်။ ညနေ ၄ နာရီခွဲလောက်မှာ အိမ်ကနေ အမှတ် ၈ ရဲစခန်းကို ခေါ်သွားတယ်” ဟု ရဲစခန်းရှေ့ရောက်နေသော ဒေါ်လဲ့လဲ့နွယ်က ပြောသည်။

ဦးအောင်မှိုင်းဆန်းအပါအဝင် မန္တလေးရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ကချင်ဒေသစစ်ပွဲအရေးနှင့် ရှေ့ဆက်လုပ်မည့် တခြား အစီအစဉ်များအကြောင်း မဟာမြတ်မုနိဘုရား မြောက်ဘက်မုခ်အနီး လက်ဖက်ရည်ဆိုင်တွင် စုဝေးတိုင်ပင်အပြီး ဆိုင်မှ ထွက်ခွာရန် ပြင်ဆင်နေစဉ် ဖမ်းဆီးမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ဆိုင်တွင် ၎င်းတို့နှင့်အတူ ရှိနေခဲ့သည့် ဦးဆန်းငြိမ်းဦးက ပြောသည်။

အမှတ် ၈ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး လတ်တလော ပြောကြားနိုင်ခြင်း မရှိသေးကြောင်းဟု ပြန်လည် ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက ဖမ်းဆီးမှုအကြောင်း မသိရသေးကြောင်း ပြောသည်။

ရန်ကုန်တွင်လည်း အလားတူ ဆန္ဒပြမှုဖြစ်ခဲ့ရာ ဦးဆောင်သူတချို့ကို မေ ၇ ရက်နေ့က အမှုဖွင့်ထားကြောင်း သိရသည်။

အမှုဖွင့်ခံထားရသူတို့ကို ဥပဒေပြဋ္ဌာန်းချက်ပါအတိုင်း ဆောင်ရွက်မည်ဟု ရန်ကုန်၊ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူး ရဲမှူးတိုးမြို.က ပြောသည်။

“ဒီကနေ့ ဖမ်းဆီးရေးအဖွဲ့တွေတော့ ထွက်သွားနေပါတယ်။ နေရပ်လိပ်စာတော့ ကျွန်တော်တို့ အကုန်မသိသေးပါဘူး။ စုံစမ်းရင်း ဖမ်းဆီးဖို့ပေါ့။ တကယ်လို့ ဖမ်းဆီးမိတယ်ဆိုရင်တော့ ကျွန်တော်တို့ အာမခံကိစ္စက ဥပဒေပြဋ္ဌာန်းချက်ပါ အတိုင်းပါပဲ။ တကယ်လို့ အာမခံပေးရမယ်ဆိုတဲ့ ကိစ္စတွေဆို စခန်းကပဲဖြစ်ဖြစ် တရားရုံးပဲဖြစ်ဖြစ် အာမခံပေးမှာပါ” ဟု စခန်းမှူးက ပြောသည်။

မှတ်ချက် – မူရင်းသတင်းတွင် – “ရဲမှူးတိုးမြင့်” ဟု ရေးသားဖော်ပြခဲ့ပါသည်။ ည ရး၄၅ တွင် “ရဲမှူးတိုးမြို့” ဟု ပြန်လည် ပြင်ဆင်ထားပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button