အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခင်ဦးမြို့တွင် ချီတက်နေသော စစ်ကြောင်း မိုင်း ၂ ကြိမ်ထိ

ယမန်နေ့ (ဖေဖော်ဝါရီ ၈) နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း လမ်းလျှောက်ချီတက်နေသော စစ်သား ၁၀၀ ခန့်ကို ဒေသခံကာကွယ်ရေးပြောက်ကျားအဖွဲ့များက မိုင်းဖြင့် တိုက်ခိုက်ကြသဖြင့် ၅ ဦး ထိခိုက်သွားသည်ဟု သိရသည်။

ရေဦးမြို့ပေါ်မှ လာသော ထိုစစ်သားများ ညနေပိုင်းတွင် ခင်ဦးသို့ ရောက်ရှိလာသည်ဟု ဒေသအခြေစိုက် KhinU Phoenix Guerilla Force ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

“ရေဦး-ခင်ဦးလမ်းကြောင်းပေါ်မှာ တိုက်မိုင်းတစ်ကြိမ် မိခဲ့သေးတယ်။ မြို့နားကို ကပ်လာချိန်မှာတော့ မြို့ပြင်မိုင်းကွင်းတွေကို အကုန်ကျော်သွားတာ၊ မြို့ထဲရောက်မှ လမ်းကြားတစ်ခုမှာ မိုင်းမိသွားတယ်။ ကျွန်တော်တို့ မြင်ရတဲ့နေရာမှာပဲ လူ ၇ ယောက်တန်းလောက်ကြီး တည့်တည့်ခွဲလိုက်နိုင်ခဲ့တယ်” ဟု ထိုအဖွဲ့၏တာဝန်ခံက ပြောသည်။

ပါဝင်တိုက်ခိုက်ခဲ့သည့် Sky Eagle ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူကလည်း မြကန်သာရပ်ကွက်တွင် မိုင်းထိသွားစဉ် စစ်ကောင်စီတပ်မှ ထိခိုက်သူ ၅ ဦး ရှိသည်၊ ထိုစစ်ကြောင်းက အထပ်မြင့်တိုက် သုံးခုခန့်တွင် ရှိနေသည်ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“လူမနေတဲ့ တိုက် ၃ ခုမှာ ဒီကောင်တွေ ထိုင်ထားတယ်၊ (တိုက်မှာ) ဈေးဆိုင်လည်း ပါတယ်၊ အိမ်လည်း ပါတယ်။ ဘာလုပ်မယ်ဆိုတာတော့ အသေအချာ မသိရသေးဘူး” ဟု သူက ပြောသည်။

စစ်ကိုင်းတိုင်းအခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခု လက်လုပ်မိုင်းများပြင်ဆင်နေသည်ကို ၂၀၂၂ နိုဝင်ဘာအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-မိုးဦး/Myanmar Now)

မိုင်းကွဲမှုနှစ်ခုတွင် မည်သို့ ထိခိုက်သွားကြောင်း သီးခြား စုံစမ်း အတည်မပြုနိုင်သေးပေ။

ထိုစစ်ကြောင်းမှ စစ်သား ၃၀ ခန့်က ယနေ့နံနက်တွင် ခင်ဦးမြို့အ‌ရှေ့ဘက် ဘောလုံးကွင်းသို့ လက်နက်ကြီးများဖြင့် ရောက်ရှိလာသဖြင့် အနီးဝန်းကျင်မှ ကျေးရွာများတွင် နေထိုင်သူတို့က စစ်ကြောင်းထိုးပြီဟု ယူဆပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

သို့သော် စစ်သားများ ထိုကွင်းမှ ခဏအကြာတွင် ပြန်လည်ထွက်ခွာသွားသောကြောင့် မိမိတို့ရွာများအတွင်း ပြန်လည်ဝင်ရောက်ကြကြောင်း သိရသည်။

ရွှေဘိုခရိုင်အတွင်းရှိ ရေဦးနှင့် ခင်ဦးသည် ၁၂ မိုင်ကျော်ခန့်သာ ကွာဝေးကြသည်။

စစ်တပ်က ရေဦးမြို့ပေါ်ရှိ တိုင်းရင်းဆေးရုံ၊ ခင်ဦးမြို့ပေါ်ရှိ ဆေးဆိုင်အဆောက်အအုံတစ်ခုနှင့် မြို့ပြင် ဝန်ထမ်းအိမ်ရာတို့တွင် တပ်စွဲထားသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ဒီပဲယင်း၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်မြို့နယ်များအတွင်း ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံနေရသည်။

ဖေဖော်ဝါရီ ၃ တွင် ခင်ဦးမြို့ပေါ် စစ်စခန်းအနီး ရဲတပ်ကြပ်တစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့သေးသည်။

ဖေဖော်ဝါရီ ၆ တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ရွှေဘိုခရိုင် တပ်ရင်း ၉ မှ ခေါင်းဆောင်တစ်ဦးနှင့် ရဲဘော်တစ်ဦး ရေဦးမြို့အနီး တိုက်ပွဲဖော်ဆောင်ရန် အခြေအနေ သွားရောက်လေ့လာစဉ် စစ်တပ်နှင့် တိုးပြီး ပစ်သတ်ခံရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles