အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရှမ်းတောင် ညောင်ရွှေတွင် တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိ

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၃ ရက်ဆက်တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိသည်ဟု သိရသည်။

ဇန်နဝါရီ ၃ တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ရှမ်းတောင် PDF  ၁၀၀၅၊ ၁၀၀၉ တို့အပါအဝင် တပ်ရင်းအချို့က အင်းလေးအနောက်ဘက် သန်းထောင်ရွာ၊ ဘုရားနီအနီးရှိ စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ရာမှ စတင်ပြီး ယနေ့ (ဒီဇင်ဘာ ၅) အထိ တိုက်ပွဲငယ်များ ဆက်ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ မည်မျှ ထိခိုက်မှုရှိသည်ကို မသိရသေးသော်လည်း PDF ပူးပေါင်းအဖွဲ့မှလည်း ၃ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု PDF အဖွဲ့များနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဟိုဘက်က လာတိုက်တာတော့ မဟုတ်ဘူး၊ ကျွန်မတို့ သွားတိုက်တဲ့ ပုံစံမျိုးပေါ့” ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိုက်ပွဲပြီးသည့်နောက်ပိုင်း စစ်ကောင်စီတပ်က အဆိုပါ ဒေသအတွင်း ပိတ်ဆို့ရှာဖွေနေသည်ဟုလည်း အဆိုပါ အမျိုးသမီးက ပြောသည်။

“စစ်ကြောင်းတောက်လျှောက်ထိုးနေတာပေါ့၊ အကုန်လုံး လမ်းတွေအကုန်ပိတ်ပြီးတော့၊ ဒီနေ့ဆို မနက်ကတည်းကနေ ညောင်ရွှေကို ကုန်းလမ်း၊ ရေလမ်းကနေ ပိတ်ပြီး အကုန်ရှာတာပေါ့” ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ ၃၁ ရက်နေ့ကလည်း အမှတ် ၁၀၀၅ တပ်ရင်းမှ တပ်ဖွဲ့ဝင်နှစ်ဦးကို ဟဲဟိုးမြို့ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများမှာ ဆရာကျောင်း(ခ) ဇော်ဇော်နှင့် အိုက်ရွန် ဆိုသူတို့ ဖြစ်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိ၍ ဖမ်းဆီးခံရသူများအတွက် လုံခြုံရေးစိုးရိမ်ရသည်ဟု ၁၀၀၅ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ နည်းပါးခဲ့ရာ စစ်ကောင်စီတပ်၏ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ဒီဇင်ဘာလက ရွာငံမြို့နယ်တွင် လှုပ်ရှားသည့် ရွာငံမြို့ပြပြောက်ကျား (YUG) အဖွဲ့ဝင်အချို့ အဖမ်းခံရပြီးနောက် ၎င်းတို့စခန်းတစ်ခု စီးနင်းခံရကာ လက်နက်ခဲယမ်းအချို့ ဆုံးရှုံးခဲ့ရသည်။

အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကာလအတော်ကြာ တိုက်ပွဲမဖြစ်ပွားခဲ့သော်လည်း ၂၀၂၂ စက်တင်ဘာတွင် ဆီဆိုင်မြို့နယ် နောင်ထော်ရွာအနီး စစ်ကောင်စီ၏ သီးသန့်အထိုင်စခန်းနှစ်ခုကို မဟာမိတ်တပ်ရင်း ၅ ခုစုဖွဲ့၍ ပထမဆုံးအကြိမ် စစ်မျက်နှာဖွင့် တိုက်ခိုက်ခဲ့သည်။

ညီညွတ်သော ရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစုအဖြစ် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံအဖွဲ့များဖြစ်သည့် အမှတ် ၁၀၀၅၊ ၁၀၀၈ နှင့် ၁၀၀၉ တပ်ရင်းများ၊ PDF တပ်ရင်းတစ်ခုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button