အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေတိဂုံဂေါပကအဖွဲ့ လွှတ်တော်အမတ်ထံ အတိုင်ခံရ

(ရန်ကုန်) — ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က မလျော်သြဇာ အသုံးပြုနေကြောင်း တိုင်ကြားကြသည့် ဈေးသည်တို့ကို ရန်ကုန်တိုင်း လွှတ်တော်ကော်မတီတချို့က ခေါ်ယူ တွေ့ဆုံသွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဇွန်၇ရက်နေ့တွင် ပြောသည်။

ဂေါပကအဖွဲ့၏ တင်ဒါခေါ်ယူမှု၊ ဆိုင်ခန်းများစီမံခန့်ခွဲပုံတို့ကို မကျေနပ်သဖြင့် တိုင်ကြားကြသည့်စာ ခုနှစ်စောင် ရရှိထားကြောင်း ဦးကျော်ဇေယျက Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့ သူတို့နဲ့တွေ့ပြီးတော့ ဘာတွေဖြစ်နေတယ်ဆိုတာကို နားထောင်မယ်” ဟု သူက ပြောသည်။

တိုင်းဒေသကြီးလွှတ်တော်၏ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ သို့မဟုတ် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီက တိုင်ကြားထားသူများကို ခေါ်ယူတွေ့ဆုံမည်ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now က ဖတ်ခွင့်ရခဲ့သည့် တိုင်ကြားစာတစ်စောင်တွင် အရှေ့ဘက်စောင်းတန်းရှိ ဆိုင်ခန်းပေါင်း ၁၄ဝ မှ ဈေးသူ၊ ဈေးသားများ လက်မှတ်ရေးထိုးထားကြသည်။

အဆိုပါတိုင်ကြားစာတွင် ဂေါပကရုံးအဖွဲ့က မလျော်သြဇာသုံး၍ ရွှေတိဂုံ အရှေ့ဘက်မုခ်စောင်းတန်းမှ ဆိုင်ခန်းများကို မတရား အနိုင်အထက်ပြုကျင့်၍ ပိတ်သိမ်းခိုင်းသည်ဆိုသည့် စွပ်စွဲချက်များလည်း ပါဝင်သည်။

“လိုရင်လိုသလို လုပ်လို့ရတဲ့ စည်းကမ်းချက်တွေ ထုတ်တယ်။ ပြီးရင် ပုဂ္ဂိုလ်ရေးမကျေနပ်ချက် ရှိလာပြီဆိုရင် အရေးယူနိုင်တဲ့အချိန်ကို စောင့်ပြီးတော့ ဆိုင်ခန်း ပိတ်ခိုင်းတာတွေ ဘာတွေ လုပ်တော့တာ” ဟု အမည်မဖော်လိုသည့် ဈေးသူတစ်ဦးက ပြောသည်။

လွှတ်တော်ထံ တိုင်ကြားခံထားရမှုနှင့် ပတ်သက်၍ ရွှေတိဂုံဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံမေးမြန်းနိုင်ရန် ဇွန် ၆ ရက်က ဂေါပကရုံးသို့ သွားရောက်ခဲ့သော်လည်း အစည်းအဝေး တက်ရောက်နေသည် ဆိုသောကြောင့် တွေ့ဆုံခွင့် မရခဲ့ပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button