အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မောင်တောတွင် ဝါးခုတ်သွားသည့် ရွာသားနှစ်ဦး ခုတ်ထစ်သတ်ဖြတ်ခံရ

ရခိုင်မြောက်ပိုင်း၊ မောင်တောမြို့နယ်တွင် အသက် ၃၀ ကျော်အရွယ် အမျိုးသား၂ ဦး ခုတ်ပိုင်းသတ်ဖြတ်ခံထားရသည်ကို ယမန်နေ့ (ဒီဇင်ဘာ ၁၉) နံနက်က တွေ့ရှိခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

သေဆုံးသူ မြို့ပေါ်နှင့် ၄ မိုင်ခန့်ဝေးသော ရွှေတောင်ကျေးရွာနေ ကိုသိန်းထွန်းနှင့် ကိုဦးဘသန်းတို့ ဖြစ်သည်၊ ဒီဇင်ဘာ ၁၈ နံနက်က ဝါးခုတ်သွားကြသူများ ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။ 

“ဝါးခုတ်သွားတဲ့ ရွှေတောင်ရွာက ရွာသားနှစ်ယောက် ပျောက်နေလို့ ရွာသားတွေ လိုက်ရှာကြတာ။ သတ်ဖြတ်ခံထားရတဲ့ ခန္ဓာကိုယ်အပိုင်းအစကိုပဲ တွေ့ခဲ့တယ်လို့ ပြောတယ်” ဟု ရွှေတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေမောင်က ပြောသည်။

ယမန်နေ့ နံနက် ၈ နာရီခန့်တွင် ဒေသခံတို့က ရွာအ‌ရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ မေယုတောင်ဘက်သို့ လိုက်လံရှာဖွေကြသည်၊ နံနက် ၁၁ နာရီခန့်တွင် ခန္ဓာကိုယ်အပိုင်းအစများ တွေ့ကြသည်ဟု ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တောတွင်းစခန်းဟု ယူဆရသည့် တဲတချို့ကို တွေ့ရှိပြီးနောက် ထိုတဲမှ တစ်မိုင်ခန့်အကွာတွင် အလောင်းများတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု လူပျောက်ရှာဖွေရာ၌ ပါဝင်ခဲ့သော ရွာသားတစ်ဦးက ပြောသည်။

“အဲဒီတဲကနေပြီး တွေ့တဲ့လမ်းအတိုင်း တောင်ကို တက်တဲ့အချိန်မှာ ဝါးခုတ်တဲ့နေရာနဲ့ ရွာသားနှစ်ယောက် ဖိနပ်၊ လွယ်အိတ်ကို တွေ့တယ်။ အဲဒီနေရာမှာ ဝါးခုတ်နေချိန် အဖမ်းခံရတာဖြစ်မယ်” ဟု ဆိုသည်။

“မေယုတောင်ကြောပေါ်ကနေ အရှေ့ဘက်ခြမ်းကို တစ်ဖာလုံလောက် ဆင်းပြီးမှ မိုးတွင်း ရေကျတဲ့ ကျောက်တွင်းတစ်ခုမှာ ခုတ်ဖြတ်ထားတဲ့ အလောင်းတစ်ခုကို စတွေ့ရတယ်။ ပြီးတော့ အဲဒီနေရာနဲ့ ကိုက် ၅၀ လောက်အကွာမှာ နောက်တစ်လောင်းကို ထပ်တွေ့တာပါ”

ခန္ဓာကိုယ်ကို ခါးလယ်မှ ဖြတ်တောက်ခံထားရသော ရွာသား၂ ဦး၏ ရုပ်အလောင်းများ။ (ဓာတ်ပုံ -ပေးပို့)

ထိုနှစ်ဦးမှာ လွန်ခဲ့သည့် နှစ်နှစ်ခန့်က အမှတ်(၁) နယ်ခြားစောင့်ကွပ်ကဲမှုဌာနချုပ် ကျီးကန်းပြင်အနီးရှိ အောင်ဇေယျကျေးရွာမှ မိသားစုလိုက်ပြောင်းရွှေ့လာသူများဖြစ်သည်၊ လက်နက်ကိုင်အဖွဲ့တစ်ခုနှင့် တွေ့ရာမှ အသတ်ခံရခြင်း ဖြစ်နိုင်သည်ဟု သွားရောက်ရှာဖွေခဲ့သည့် ဒေသခံများက ဆိုကြသည်။  

ရခိုင်ဒေသတွင် စစ်ကောင်စီတပ်၊ ရက္ခိုင့်တပ်တော် (AA)၊ ARSA ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့နှင့် အခြားသော အဖွဲ့ငယ်တချို့ လှုပ်ရှားမှုများရှိနေသည်။ 

မေယုတောင်ခြေသို့ ငါးရှာ၊ ဟင်းခူးသွားနေသည့် ဒေသခံတချို့မှာလည်း ကျောပိုးအိတ် လွယ်ထားသော လူတချို့ကို မကြာခဏဆိုသလို တွေ့ရကြောင်း၊ အသွားအလာဆင်ခြင်ကြရန် ဒေသခံများအချင်းချင်း သတိပေးထားကြကြောင်း ရွှေတောင်ရွာမှ ရပ်မိရပ်ဖတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ကလည်း မောင်တောမြို့နယ်တောင်ပိုင်း မောရဝတီကျေးရွာအနောက် တစ်မိုင်ခန့်အကွာ နွားခြံတစ်ခုတွင် ညစောင့်အိပ်နေသည့် ပန်းတောပြင်ကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသားတစ်ဦးနှင့် မောရဝတီကျေးရွာမှအသက် ၆၀ အရွယ် အမျိုးသားတစ်ဦးတို့ကို လူတစ်စုက ဓားဖြင့် ဝင်ခုတ်ခဲ့ကြ၍ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

ရခိုင်မြောက်ပိုင်းတွင် စစ်တပ်နှင့် AA တို့ အပစ်ရပ်ပြီးနောက် ဒေသတွင်း စစ်ရေးအခြေအနေ တင်းမာနေကာ မောင်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်တို့တွင်လည်း အုပ်ချုပ်ရေးမှူးများ အစုလိုက်အပြုံလိုက် နုတ်ထွက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles