အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဦးပါမောက္ခ၏ Facebook စာမျက်နှာ ပြန်အသက်ဝင်လာ

(ရန်ကုန်) — အမုန်းတရားဟောပြောဝေမျှမှုကြောင့် Facebook က ဦးပါမောက္ခကို အမည်ပျက်စာရင်းသွင်းကြောင်း ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်အသုံးပြုခွင့်ပေးခဲ့သည်။

“အခုတော့ Account ပြန်ရနေပါပြီ” ဟု ဦးပါမောက္ခက Myanmar Now သို့ ယနေ့(ဇွန်လ၈ရက်တွင်) မိန့်ကြားသည်။

Follower ၅ဝဝ ကျော်ရှိသည့် “U Parmutkha” အမည်ရှိ Account ကို Facebook က ဇွန်လ ၇ ရက် ည ၁၂ နာရီမှ ဇွန်လ ၈ ရက် နေ့လယ် ၁၂ နာရီအထိ ပိတ်ခဲ့ကြောင်း သူက ရှင်းပြသည်။

မွတ်စလင်ဆန့်ကျင်ရေးအပါအဝင် အငြင်းပွားဖွယ်ရာ ဟောပြောရေးသားမှုများကြောင့် ထင်ရှားသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးပါမောက္ခနှင့် ဦးသုစိတ္တတို့၏ Account များကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း Facebook ၏ အကြောင်းအရာပိုင်းမူဝါဒရေးရာ မန်နေဂျာ David Caragliano ကို ကိုးကားပြီး AFP သတင်းဌာနက ယမန်နေ့(ဇွန်လ၇ရက်) တွင် ရေးသားသည်။

Facebook သည် မြန်မာနိုင်ငံမှ အငြင်းပွားဖွယ်ရာ အကြောင်းအရာများကို မျှဝေရေးသည့် Account များကို ပိတ်ပင်ဖယ်ရှားမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

လူသိများသည့် လွှတ်တော်အမတ်ဟောင်း ဦးလှဆွေ၏ Account ကိုလည်း ပိတ်ပင်ခဲ့သည်။ ဇွန်လ ၆ ရက်နေ့ မနက် ငါးနာရီတွင် Blue Mark (အပြာမှတ်) ပါ ၎င်း၏ ဖေ့ဘွတ်အကောင့် ပိတ်သိမ်းခံခဲ့ရကြောင်း ဦးလှဆွေက ပြောသည်။

၎င်းအနေဖြင့် မပိတ်သိမ်းခံရမီ တစ်နာရီအလိုမှာ Eleven မီဒီယာ၏ “Facebook ရဲ့ အမုန်းစကားဖယ်ရှားရေး လုပ်ဆောင်မှုများ တစ်ဖက်သတ်ဖြစ်နေပြီလား” ဟူသည့် ခေါင်းစဉ်ပါ ဝက်ဆိုက်လိပ်စာကို အွန်လိုင်းတွင် အခြားသူများသို့ မျှဝေခဲ့ခြင်းဖြစ်သည်ဟု Myanmar Now ကို ပြောသည်။

ဦးလှဆွေက သူ၏ Account သည် ပြန်ကြားရေးနှင့် Facebook တို့အကြား နေပြည်တော်တွင် တွေ့ဆုံခဲ့အပြီး ၂၄နာရီအတွင်း ပိတ်ပင်ခံခဲ့ရကြောင်း သတင်းဌာနများကို ဖြေကြားခဲ့သည်။

အဆိုပါအကြောင်းအရာ နှစ်ခုသည် ဆက်စပ်မှုမရှိကြောင်း၊ Facebook ဘက်က တွေ့ဆုံရန် ကမ်းလှမ်းမှုကြောင့် ပြန်ကြားရေးဝန်ကြီးက လက်ခံတွေ့ဆုံခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ယနေ့(ဇွန်လ ၈ရက်) တွင် ထုတ်ပြန်ချက်တစ်ခု ထုတ်ကာ တုံ့ပြန်လိုက်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button