အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘတ်ဂျက်ရှိသော်လည်း ခွေးရူးပြန်ကာကွယ်ဆေး ရရန် ခက်နေ

ပြည်သူ့ဆေးရုံများတွင် ခွေးရူးပြန်ကာကွယ်ဆေးပြတ်လပ်နေရခြင်းမှာ ကုမ္ပဏီများက ဆေး လုံလောက်စွာ ပေးသွင်းနိုင်ခြင်း မရှိသေးသောကြောင့် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာခွဲမှ ဒေါက်တာ ဇင်ကိုကိုချစ်က ပြောသည်။ 

ဝန်ကြီးဌာနတွင်မူ ဆေးဝယ်ယူရန် ဘတ်ဂျက်လုံလောက်သည်ဟု ဆိုသည်။

“အခုလောလောဆယ် ဖြစ်နေတဲ့ ပြဿနာက ကုမ္ပဏီက မပေးနိုင်တဲ့ ပြဿနာ။ လူနာတွေ လာရင် အပြင်မှာ ပြန်ပြီးတော့မှ ဝယ်ခိုင်းရတယ်ဆိုတာမျိုး ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

အရေးပေါ် ဝယ်ယူသော ကာကွယ်ဆေး အလုံးရေ ငါးသောင်းကိုလည်း ကုမ္ပဏီများက တစ်ပြိုင်တည်း ပေးနိုင်ခြင်း မရှိကြောင်း သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“တစ်သောင်း တစ်ဖြတ်ပေးတယ်၊ ကိုးထောင် တစ်ဖြတ်ပေးတယ်။ ရပြီဆိုတာနဲ့ တောင်းထားတဲ့ ဆေးရုံတွေကို ဖြန့်ပေးတယ်။ ဒါပေမဲ့ တောင်းသလောက်တော့ မရနိုင်သေးဘူးပေါ့” ဟု ၎င်းက ပြောသည်။

အခမဲ့ ကာကွယ်ဆေး

ပဲခူး အထွေထွေရောဂါကုဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ခွေးရူးပြန်ရောဂါဖြစ်ပွားပါက သေရန် ရာနှုန်းပြည့် ဖြစ်သဖြင့် ခွေးကိုက်ခံရပြီး ဆေးမထိုးလိုက်ရသူ မရှိစေရန် နည်းမျိုးစုံဖြင့် ဖြေရှင်းနေရကြောင်း ပြောသည်။

ဆေးပြတ်လပ်မှုသည် ခွေးကိုက်ခံရသူ များပြားလာခြင်း၊ ဆေးရုံတွင် ခွေးရူးပြန်ကာကွယ်ဆေး အခမဲ့ ထိုးနိုင်သည်ကို သိလာကြခြင်းတို့နှင့်လည်း ဆက်စပ်နေသည်ဟု ၎င်းက ပြောသည်။

ယခင်နှစ် ဇန်နဝါရီလက ကာကွယ်ဆေး ထိုးပေးရသည်မှာ ၁,၇၈၅ ကြိမ်သာ ရှိသော်လည်း ယခုနှစ် ဇန်နဝါရီလတွင် အကြိမ် ၂,၅၀၀ ထိုးပေးခဲ့ရသည်ဟု ဆိုသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထောက်ပံ့သည့် ကာကွယ်ဆေး ပြတ်လပ်မှုကို ၂၀၁၈  နိုဝင်ဘာမှစ၍ ကြုံတွေ့ခဲ့ရသည်ဟု ဆေးရုံအုပ်က ပြောသည်။

“ဌာန(ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)က ဆေးဝယ်ဖို့ ဆိုပြီး ချပေးထားတဲ့ ငွေကနေ ဝယ်တာ ရှိတယ်။ ဆင်းရဲသားတွေ သုံးဖို့ဆိုပြီး ဌာနကနေပဲ လုပ်ပေးထားတဲ့ ပဒေသာပင် ရန်ပုံငွေ ဆိုတာ ရှိတယ်။ ဆေးရုံ အထောက်အကူပြု ရန်ပုံငွေ ဆိုတာတွေ ရှိတယ်။ စေတနာရှင် အလှူရှင်တွေရှိတယ်။ အဲဒီဟာတွေနဲ့ ဝိုင်းပြီးတော့ အဲဒီဟာကို ဖြေရှင်းနေရတာပါ” ဟု ၎င်းက ပြောသည်။

ခွေးကိုက်ခံရသူများကို ခွေးရူးပြန်ရောဂါကာကွယ်ဆေး အလုံအလောက် ထိုးပေးနိုင်ရန် တစ်လလျှင် သိန်း ၁၅၀ နှင့် ၂၀၀ ကြား ကုန်ကျကြောင်း ၎င်းက ဆိုသည်။  

နှစ်စဉ် သေဆုံးနှုန်း

မြန်မာနိုင်ငံတွင် ခွေးရူးပြန်ရောဂါကြောင့် နှစ်စဉ် လူတစ်ထောင်ခန့် သေဆုံးနေကြသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ထုတ်ပြန်ထားသည်။ ယင်းရောဂါကြောင့် ကမ္ဘာအနှံ့အပြားတွင် နှစ်စဉ် ၅၅,၀၀၀ ခန့် သေဆုံးနေပြီး သေဆုံးမှု၏ ၉၅ ရာခိုင်နှုန်းကို အာရှနှင့် အာဖရိကဒေသ တို့တွင် တွေ့နိုင်သည်။

ခွေးကိုက်ခံရပါ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ၂၄ နာရီအတွင်း ထိုးရမည် ဖြစ်ကြောင်း၊ ရောဂါ ကူးစက်ခံရပါက သေရန် ရာနှုန်းပြည့် ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အသိပညာပေး စာစောင်များ ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles