အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ညောင်လေးပင်တွင် အလိုရှိသူကို မမိ၍ ဇနီး ကိုယ်ဝန်ဆောင်နှင့် ဖခင်ကို ဖမ်းဆီး

နိုဝင်ဘာ ၂၊ ည ၇ နာရီခန့်က ပဲခူးတိုင်း အရှေ့ခြမ်း ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းကျေးရွာ ရာအိမ်မှူးနေအိမ် ဗုံးပေါက်ပြီး သုံးနာရီဝန်းကျင်အကြာတွင် စစ်ကောင်စီတပ်က ၎င်းတို့ သံသယဖြစ်သည့် လူငယ်တစ်ဦးကို ဖမ်းဆီးနိုင်ခြင်း မရှိသဖြင့် ကိုယ်ဝန်ဆောင် ဇနီး၊ အသက် ၅၅ နှစ်အရွယ် အမျိုးသား နှစ်ဦးကို ဖမ်းလိုက်သည်။

ကိုယ်ဝန်အရင့်အမာဖြစ်နေသည့် အမျိုးသမီး နောက်တစ်ရက်တွင် ပြန်လွတ်လာသော်လည်း လူငယ်၏ ဖခင် ဦးဇော်ဦး၊ ဈေးပိုင်းရပ်ကွက်နေ ဦးမြင့်ဇော်တို့ ပြန်မလွတ်သေးဟု ရွာခံအမျိုးသားတစ်ဦးက ယနေ့ (နိုဝင်ဘာ ၄) တွင် ပြောသည်။

“အခုက ကျွန်တော်တို့ရွာမှာ လူငယ်လူလတ်ပိုင်းမှန်သမျှ ဘယ်သူမှ အဖမ်းမခံရဲကြပါဘူး။ ဘာမှ မလုပ်လည်း အမြင်ကတ်ပုဒ်မတပ်ပြီး အကြမ်းဖက်ဥပဒေနဲ့ တရားစွဲခံနေကြရလို့ ကိုယ့်အိမ်ရှေ့ စစ် **တွေ ရောက်လာရင် ဘယ်သူမဆို လွတ်အောင်ပုန်းရှောင်နေကြရတာပါ” ဟု အထက်ပါ ဒေသခံက ပြောသည်။

ရာအိမ်မှူး ဦးဆန်းဦး၏ နေအိမ်တွင်း ပေါက်ကွဲမှုတွင် သူ၏ သမီး၊ မြေးနှင့် ညီဖြစ်သူတို့ ဒဏ်ရာရပြီး ဆေးရုံရောက်သွားကြောင်း ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးဆန်းဦးသည် လွန်ခဲ့သည့် သုံးလခန့်က သေနတ်ဖြင့် လုပ်ကြံခံရစဉ် မျက်နှာ အနည်းငယ် ဒဏ်ရာရသွားသည်ဟု ထိုသူ့ထံမှ သိရသည်။

လွန်ခဲ့သည့် ငါးရက်က ပုဇွန်မြောင်းကျေးရွာ အနောက်ဘက် ငါးမိုင်ခန့်သာ ဝေးသည့် ညောင်လေးပင်မြို့သို့ စပါးသွားပို့သည့် ရွာခံ ကိုရဲကိုကိုဆိုသူကို လမ်းတစ်ဝက်ရှိ မုက္ခမူကျေးရွာ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက ဖမ်းလိုက်ပြီး ယနေ့တိုင် သတင်းပျောက်နေသည်ဟု ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးခံရပြီးလျှင် ချက်ချင်း ပြန်လွတ်လာရန် ခဲယဉ်းသည်ဟု ၎င်းက ပြောသည်။

“မနှစ်ကဆိုရင် အယ်ဒိုဖိုး ဆိုတဲ့ လူငယ်တစ်ယောက် သူအလုပ်လုပ်တဲ့ မုန့်ဆိုင်ကနေ ပြန်လာတဲ့အချိန် လမ်းမှာ ဖမ်းခေါ်ပြီး ထောင်ချခံရတယ်။ စစ်ဆေးတာ ဘာမှအပြစ်မတွေ့တော့ ဆန္ဒပြတဲ့အချိန်က ဓာတ်ပုံတွေထဲ ပါတယ်ဆိုပြီး အကြမ်းဖက် ပုဒ်မတပ်ပြီး ထောင်သုံးနှစ်ချခံရပါတယ်” ဟု ၎င်းက ဆိုသည်။ 

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ် အတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ပုဇွန်မြောင်ကျေးရွာတွင် စစ်ကောင်စီကို ဆန့်ကျင်မှုဖြင့် နေအိမ် ၁၀ လုံးထက်မနည်း ချိပ်ပိတ်ခံခဲ့ရကြောင်း၊ အောက်တိုဘာလကလည်း ရွာအနီး ဗုံးပေါက်ပြီးနောက် စစ်တပ်က ဘုန်းကြီးကျောင်းအချို့တွင် လာရောက်တပ်စွဲဖူးကြောင်း အထက်ပါသတင်းရင်းမြစ်ထံ မှသိရသည်။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ထိန်းချုပ်နယ်မြေအချို့ရှိသည်။ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ဒေသကာကွယ်ရေးအဖွဲ့အချို့လည်း ထိုဒေသတွင် အခြေစိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles